အမေရိကန်နဲ့ အစ္စရေးတိုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က တရားသူကြီးလေးဦးကို ပိတ်ဆိုအရေးယူမှုတွေ ပြုလုပ်သွားမယ်လို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူ ဘီအိုက ဇွန်လ ၅ ရက်မှာ ကြေညာပါတယ်။

ဘင်ဂျမင် နေတန်ယာဟု အပါအဝင် အစ္စရေး ထိပ်တန်း အရာရှိတွေကို ICC က ဖမ်းဝရမ်းထုတ်ခဲ့တာ၊ အာဖဂန် နစ္စတန်မှာ အမေရိကန် စစ်ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာတွေကို တုံပြန်တဲ့အနေနဲ့ အခုလို ပိတ်ဆိုအရေးယူမှုတွေ ပြုလုပ်မှာပါ။အမေရိကန်က ပိတ်ဆိုအရေးယူမယ့် ICC တရားသူကြီး ၄ ဦးစလုံးက အမျိုးသမီးတွေဖြစ်ပြီး ယူဂန်ဒါ၊ ပီရူး၊ ဘီနင်နဲ့ ဆလိုဗေးနီးယားတိုက တရားသူကြီးတွေ ဖြစ်ပါတယ်။ ရူဘီအိုရဲ့ ကြေညာချက်မှာ ဒီပုဂ္ဂိုလ် ၄ ဦးဟာ အမေရိကန်နဲ့ အစ္စရေးကို ပစ်မှတ်ထားပြီး တရားမဝင် အခြေအမြစ်မရှိတဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို ပြောထားပါတယ်။

ICC ကတော့ ဒီပိတ်ဆိုအရေးယူမှုဟာ မိမိတိုရဲ့ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်ကို ပျက်ပြားစေတဲ့ ကြိုးပမ်းမှုလို ခေါ်ဆိုပြီး ဒါကိုရှုတ်ချကြောင်း ကြေညာခဲ့ပြီး တရားသူကြီးတွေနောက်မှာ အပြည့်အဝရပ်တည်နေကြောင်းနဲ့ မိမိတိုလုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်လို ကြေညာပါတယ်။ ICC ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေအတွက် တရားစွဲဆိုဖို အခွင့်အာဏာရှိတဲ့ ကမ္ဘာ့တရားရုံးတစ်ခု ဖြစ်ပါတယ်။