BRICS ထွန်းသစ်စစီးပွားရေးအုပ်စုအဖွဲ့က သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်တော့မှာ ဖြစ်တယ် လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကတိပြုပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ထရမ့်က ကမ္ဘာလုံးဆိုင်ရာ ကြေးနီသွင်းကုန်တွေအပေါ် ၅၀ ရာခိုင်နှုန်း စည်းကြပ်မယ့်အပြင် ဆေးဝါး တွေအပေါ် တင်သွင်းခွန် ၂၀၀ ရာခိုင်နှုန်း တိုးကောက်ခံမယ့် အစီအစဉ်တွေကိုလည်း ထုတ်ဖော်ပြသကာ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

ထရမ့်ရဲ့လုပ်ရပ်ဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ စျေးကွက်တွေအတွက် မသေချာမရေရာမှုတွေအတွက် သက်တမ်းတိုးစေမယ့် အချက်တွေလည်း ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့ သဘောတူညီချက်တွေကို ဒဏ်ခတ်ဖို့ နိုင်ငံတွေကို ဖိအားတွေ တိုးမြင့်လာတဲ့အတွက် စည်းကြပ်ခွန်ကောက်ခံမှုစတင်မယ့် သြဂုတ်လ ၁ ရက်ကို ထပ်ပြီး သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ သမ္မတထရမ့် က ဇူလိုင် ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ ဂျပန်၊ တောင်ကိုးရီးယားနဲ့ တောင်အာဖရိကတွေအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံကို ကောက်ခံမယ့် အကောက်ခွန် နှုန်းထားသစ်တွေကို ဇူလိုင် ၇ ရက်က သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်တွေဆီကို စာတိုပေးပို့ အကြောင်းကြားခဲ့ပါတယ်။ အခွန်ငွေအားလုံးကို သြဂုတ် ၁ ရက်ကစပြီး ပေးဆောင်ရမှာဖြစ်ကာ သက်တမ်းတိုးခွင့် မပြုဘူးလို့လည်း ထရမ့်က သူ့ရြ့ Truth Social မှာ ရေးသားထုတ်ပြန်ခဲ့ပါတယ်။