အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က နိုင်ငံပေါင်း ၃၆ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်ကို ဝင်ရောက် ခွင့် ပိတ်ပင်ပြီး ခရီးသွားလာမှု ကန့်သတ်ချက်တွေကို သိသိသာသာ တိုးချဲ့ဖို့ စဉ်းစားနေတယ်လို့ CNBC သတင်းမှာ ဖော်ပြထားပါတယ်။

ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ထားတဲ့ စံနှုန်းတွေ လိုအပ်ချက်တွေနဲ့ မကိုက်ညီရင် ဝင်ခွင့်အပြည့်အဝ ဒါမှ မဟုတ် တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ထားဖို့ စိုးရိမ်ဖွယ်နိုင်ငံ ၃၆ နိုင်ငံကို ဦးစီးဌာနက ဖော်ထုတ်တွေ့ရှိထားတာ ကြောင့် ထရမ့် အစိုးရအဖွဲ့က အမေရိကန်ကို ဝင်ရောက်ခွင့် ပိတ်ပင်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။အခုလအစောပိုင်းအတွင်းမှာ ရီပတ်ဘလီကန်သမ္မတက နိုင်ငံပေါင်း ၁၂ နိုင်ငံက နိုင်ငံသားတွေကို ပြည်ဝင်ခွင့် တားမြစ်ခဲ့တဲ့ ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး “နိုင်ငံခြားအကြမ်းဖက်သမားတွေ” နဲ့ အခြား အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ အခုလို ဆောင်ရွက်ခဲ့တာလို့ ထရမ့်က ပြောပါ တယ်။

ဂိုဏ်းဝင်လို့ သံသယရှိသူ ဗင်နီဇွဲလားနိုင်ငံသား ရာနဲ့ချီ အယ်လ်ဆာဗေးဒေါကို ပြည်နှင်ဒဏ်ပေးတာ အပါအဝင် အမေရိကန် တက္ကသိုလ်တွေမှာ နိုင်ငံခြားကျောင်းသားအချို့ ကျောင်းအပ်ဖို့ ကြိုးပမ်းမှုတွေကို တားမြစ်တဲ့အထိ တွေဟာ အဲဒီညွှန်ကြားချက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အမိန့်ထုတ်ခံရတဲ့ နိုင်ငံအချို့ဟာ အမေရိကန် ပြည်ထောင်စုနဲ့အတူ ပူးပေါင်းဆောင်ရွက်တာ မရှိတဲ့အပြင် ဗီဇာ ကျော်လွန်နေထိုင်နေကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။