အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ်နဲ့ သူ့ရဲ့ ဆက်ဆံရေး ပြီးဆုံးသွားပြီလို ပြောကြားလိုက်ပါတယ်။
မနေ့က ဇွန်လ ၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ NBC သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ထရမ့်က အခုလို ပြောခဲ့တာပါ။

သူတိုနှစ်ဦးကြားက ပျက်စီးနေတဲ့ ဆက်ဆံရေးကို ပြန်ပြင်ဆင်လိုသလားလို သတင်းဌာနက မေးတဲ့အချိန်မှာ ထရမ့်က မပြင်ဆင်လိုဘူးလို ပြန်ဖြေခဲ့တာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာတွေပေါ်မှာ သမ္မတထရမ့်နဲ့ နည်းပညာ ဘီလီယံနာ အီလွန်မတ်စ်တိုအကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ထရမ့်ရဲ့ အခုလိုမှတ်ချက် ထွက်ပေါ်လာတာပါ။အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း အီလွန်မတ်စ်ဟာ မိမိတိုအဖွဲထဲမှာ ဘယ်တော့မှ ကြိုဆိုခံရမှာ မဟုတ်တော့ဘူးလို ပြောခဲ့သလို အီလွန်မတ်စ်ရဲ့ သမ္မတကို တိုက်ခိုက်မှုဟာ ကြီးမားတဲ့အမှားလို ဆိုထားပါတယ်။

အခုသီတင်းပတ်ထဲမှာ ထရမ့်ရဲ့ အခွန်နဲ့ အသုံးစရိတ်ဥပဒေကြမ်းကို အီလွန်မတ်စ်က လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် မဟာမိတ်နှစ်ဦးကြားက အကွဲအပြဲစတင်လာခဲ့တာဖြစ်ပါတယ်။အီလွန်မတ်စ်နဲ့ ထရမ့်ဟာ အပြန်အလှန်စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ Tesla အပါအဝင် အီလွန်မတ်စ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတန်ဖိုးတွေ ကျဆင်းနေပါတယ်။