အမေရိကန်ဟာ အီရန်ကို နျူကလီးယား သဘောတူညီချက်နဲ့ ပတ်သက်တဲ့ အဆိုပြုချက် ပေးပိုထားတယ်လိုမေလ ၃၁ ရက်မှာ အိမ်ဖြူတော်က အတည်ပြုပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ်က ဒီအဆိုပြုချက်ဟာ အသေးစိတ်ကျပြီး အီရန်က လက်ခံနိုင်ဖွယ်ရှိတယ်လို ပြောကြားခဲ့သလို သမ္မတထရမ့်က အီရန်ကို ဘယ်တော့မှ နျူကလီးယား ဗုံး ထုတ်ခွင့်ပြုမှာမဟုတ်ဘူးလို မေလ ၃၁ ရက်မှာ ပြောခဲ့ပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံရရှိကြောင်း အတည်ပြုခဲ့ပြီး အီရန်အနေနဲ့ မိမိတိုရဲ့ အမျိုးသားရေးမူတွေနဲ့ အကျိုးစီးပွားတွေနဲ့အညီ တုံပြန်သွားမယ်လို ပြောပါတယ်။အီရန်ရဲ့ ယူရေနီယံသန့်စင်ရေး လုပ်ဆောင်မှုတွေအပေါ် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ အမေရိကန်ရဲ့ အခု အဆိုပြုချက် ထွက်ပေါ်လာတာပါ။

အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်ရဲ့ အဆိုပြုချက်အရ အီရန်ရဲ့ ယူရေနီယံ သန့်စင်လုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ကြီးကြပ်မှုအောက်မှာ လည်ပတ်မှာဖြစ်ပြီး အမေရိကန် စောင့်ကြည့်လေ့လာသူတွေလည်း ပါမယ်လို သိရပါတယ်။ဒီလုပ်ဆောင်ချက်ဟာ အီရန်ရဲ့ နျူကလီးယား စွမ်းအင်နဲ့ပတ်သက်တဲ့ လိုလားချက်နဲ့ နိုင်ငံတကာရဲ့ နျူကလီးယား မပြန့်ပွားရေး စံနှုန်းတွေကြား ချိန်ညှိနိုင်ရေး ဖြစ်တယ်လို သိရပါတယ်။