အီရန်နဲ့ နျူကလီးယားသဘောတူညီချက်ရရှိဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၁၅ ရက်က ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြပါရှိပါတယ်။ ရေရှည်ငြိမ်းချမ်းရေးအတွက် အီရန်နဲ့ ကျွန်တော်တို့ လေးလေးနက်နက် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေပါတယ်လို့ ထရမ့်က ပင်လယ်ကွေ့ခရီးစဉ် အတွင်း ထုတ်ပြန်ပြောကြားထားပါတယ်။

တီဟီရန်နျူကလီးယားအစီအစဉ်နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အတွက် အီရန်နဲ့အမေရိကန် ညှိနှိုင်းသူတွေ အကြား ဆွေးနွေးပွဲက မေ ၁၁ ရက်က အိုမန်မှာ ပြီးဆုံးသွားပြီး အဲဒီဆွေးနွေးပွဲဟာ တိုးတက်ကောင်းမွန်တဲ့ လက္ခဏာရှိတယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။တစ်ဖက်မှာလည်း အီရန် ခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ အကြံပေးပုဂ္ဂိုလ်က စီးပွားရေး ပိတ်ဆို့မှု တွေ ရုပ်သိမ်းရေးနဲ့ လဲလှယ်ရေးအတွက် အမေရိကန်နဲ့ သဘောတူညီဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

သဘောတူညီချက်အောင်မြင်ရင် အီရန်အနေနဲ့ နျူကလီယားလက်နက်တွေကို ဘယ်တော့မှ မပြုလုပ်ဖို့ ကတိပြု မှာဖြစ်သလို ကြွယ်ဝတဲ့ ယူရေနီယံ သိုလှောင်မှုတွေကို ဖယ်ရှားပစ်ဖို့နဲ့ အရပ်သားအသုံးပြုမှုအတွက် လိုအပ်တဲ့ အောက်အဆင့်အထိ ယူရေနီယံ သန့်စင်ဖို့ သဘောတူမှာဖြစ်ပြီး လုပ်ငန်းစဉ်ကို နိုင်ငံတကာ စစ်ဆေးရေးမှူးတွေ ကြီးကြပ်ခွင့်ပြုမှာဖြစ်တယ်လို့ အယာတိုလာ အလီခါမေနီရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောကြားထားပါတယ်။