အီရန်နဲ့ အမေရိကန်တို့ကြား နောက်ဆုံးအကြိမ်အဖြစ် နျူကလီးယား ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပြီး ဆွေးနွေးမှု အတွင်း ပြီးပြည့်စုံတဲ့အဖြေရဖို့ ခက်ခဲတယ်လို့ ယူဆထားတာကြောင့် နှစ်ဖက်စလုံးက နောက်ထပ် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဆွေးနွေးမှုက တီဟီရန် နျူကလီးယား အစီအစဉ်ကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်အရ ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့အပြင် ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းတွေ ရှာဖွေသင့်ကြောင်း ပြောကြားထားပါတယ်။ ထရမ့်အစိုးရအဖွဲ့က အကြီးတန်း အုပ်ချုပ်ရေးအရာရှိတစ်ယောက်ရဲ့ ပြောကြားချက်အရ ဆွေးနွေးမှုက သုံးနာရီကျော်ကြာခဲ့ပြီး တိုးတက်ကောင်းမွန်တဲ့အပြင် ပိုမိုအပြုသဘောဆောင်တဲ့ အကဲဖြတ်ချက်ကို ပေးဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပညာဆိုင်ရာအစိတ်အပိုင်းတွေကနေတစ်ဆင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားပြီး ရှေ့ဆက်သွားဖို့လည်း သဘောတူညီချက်ရခဲ့တယ်လို့ ဆိုပါတယ်။