အလုပ်ကထုတ်ပယ်ခံထားရတဲ့ ဖက်ဒရယ်လုပ်သား ၂၅၀၀၀ လောက်ကို ပြန်လည်ခေါ်ယူဖိုအတွက် ဒေါ်နယ် ထရမ့်အစိုးရအဖွဲက ဆောင်ရွက်နေတယ်လို သိရပါတယ်။ ထရမ့်အစိုးရအဖွဲရဲ့ ဖက်ဒရယ်လုပ်သားတွေကို အလုပ်ကထုတ်ပယ်တဲ့ အစီအစဉ်ဟာ တရားမဝင်ကြောင်း တရားရုံးက စီရင်ချက်ချပြီးတဲ့နောက် အခုလို အလုပ်ပြန်ခန့်အပ်ဖို လုပ်ဆောင်လာတာပါ။

ပြီးခဲ့တဲ့မတ်လ ၁၃ ရက်မှာ မေရီလန်းနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေက ဖက်ဒရယ်တရားသူကြီးတွေဟာ ထောင်နဲ့ချီတဲ့ လုပ်သားတွေကို အလုပ်ပြန်ခန့်အပ်ဖို အေဂျင်စီတွေကို အမိန့်ပေးခဲ့ပါတယ်။ အလုပ်ပြန်လည် ခန့်အပ်ခံရတဲ့ ဝန်ထမ်းတွေဟာ ချက်ချင်း လုပ်ငန်းခွင် ပြန်ဝင်ရမှာ မဟုတ်သေးဘဲ စီမံခန့်ခွဲရေးဆိုင်ရာ ခွင့်အနေနဲ့ ယာယီထားရှိမှာ ဖြစ်ပါတယ်။ထရမ့်အစိုးရရဲ့ အစုလိုက်အပြုံလိုက် အလုပ်ကထုတ်ပယ်တာတွေကြောင့် အလုပ်လက်မဲ့ ခံစားခွင့် တောင်းဆိုမှု တွေ မြင့်တက်လာပြီး လူမှုရေး ဝန်ဆောင်မှုတွေအပေါ် ဖိအားတွေ တိုးလာစေတယ်လို သုံးသပ်မှုတွေ ရှိပါတယ်။ ဒီအတွက် ဝါရှင်တန်ဒီစီနဲ့ ဒီမိုကရက်တွေ ဦးဆောင်တဲ့ ပြည်နယ် ၁၉ ခုက တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပြီး တရားရုံး က အလုပ်နေရာတွေ ပြန်ခန့်ထားဖို အမိန့်ပေးခဲ့တာပါ။

ဖက်ဒရယ်အသုံးစရိတ် လျှော့ချရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်သားတွေ လျှော့ချတာဟာ ထရမ့် တာဝန်ပေးထားတဲ့ ဘီလျံနာ အီလွန်မတ်စ်ရဲ့ အစိုးရစွမ်းဆောင်ရည်ဌာန(DOGE)က အဓိကဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးမှာ ဖော်ပြခဲ့တဲ့ စာရွက်စာတမ်းတွေအရ ထရမ့်အစိုးရ တာဝန်ယူပြီးနောက် ဘဏ္ဍာရေး ဌာနက ဝန်ထမ်း ၇,၆၀၀၊ စိုက်ပျိုးရေးဌာနက ၅,၇၀၀၊ ကျန်းမာရေးနဲ့ ဝန်ဆောင်မှုဌာနက ၃၂၀၀ ကျော်နဲ့ တခြားဌာ နတွေနဲ့ အေဂျင်စီတွေက ဝန်ထမ်းရာနဲ့ချီ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။