အမေရိကန်နဲ့ အီရန်တို ပြုလုပ်ဖိုရှိနေတဲ့ နျူကလီးယားဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်တယ်လို အီရန်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုကြောင်း အယ်လ်ဂျားဇီးယားသတင်းမှာ ဖော်ပြပါတယ်။မူလက ဇွန်လ ၁၅ ရက်မှာ အမေရိကန်နဲ့ အီရန်တိုရဲ့ ၆ ကြိမ်မြောက် နျူကလီးယားဆွေးနွေးပွဲကို အိုမန်နိုင်ငံမှာ လုပ်ဖို စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးက အီရန်ကို ပြင်းထန်တဲ့လေကြောင်း တိုက်ခိုက်မှုတွေ စလုပ်လာခဲ့အပြီး ဒီဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်တာပါ။ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် အိုမန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒါကို အတည်ပြုခဲ့ပြီး နောက်ပိုင်းမှာ နောက်ပိုင်းမှာ အမေရိကန်အကြီးတန်း အရာရှိတစ်ဦးကလည်း ဆွေးနွေးပွဲဖျက်သိမ်းလိုက်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ဝါရှင်တန်အနေနဲ့ ညှိနှိင်းဆွေးနွေးပွဲတွေ ထပ်လုပ်ဖို အသင့်ရှိနေကြောင်းနဲ့ အီရန်အနေနဲ့ မကြာခင်မှာ ဆွေးနွေးပွဲကို ပြန်လာဖို မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။အစ္စရေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းကစလို အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်ပြီး အီရန်ဘက်ကလည်း အစ္စရေးကို လက်တုံပြန်တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။