ယီမင်အခြေစိုက် ဟူသီသူပုန်တွေဟာ ပြီးခဲ့တဲ့ ၆ ပတ်အတွင်းက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် တန်ဖိုးရှိ တဲ့ အမေရိကန်က တိုက်ခိုက်လာတဲ့ ဒရုန်း ၇ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ဒါဟာ အီရန် ကျောထောက် နောက်ခံပြု စစ်သွေးကြွတွေအပေါ် ဆင်နွှဲနေတဲ့ ဒီစစ်ဆင်ရေးမှာ ပင်တဂွန်အတွက် ကြီးမားတဲ့ ကုန်ကျမှု ဖြစ်ခဲ့ တယ်လို့ ဒေပီသတင်းမှာ ဖော်ပြထားပါတယ်။ ကာကွယ်ရေးဌာနအရာရှိတွေရဲ့အဆိုအရ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက ဒရုန်း ၃ စင်း ပစ်ချခံခဲ့ရပြီး စစ်သွေးကြွ တွေရဲ့ မောင်းသူမဲ့ လေယာဉ်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုကို တိုးမြင့်လာခဲ့တာပါ။ ဒီဒရုန်းတွေက တိုက် ခိုက်မှုတွေနဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေချိန်မှာ ပစ်ချခံရတာဖြစ်ပြီး ရေပြင်နဲ့ မြေပြင်ပေါ်ကို ပျက်ကျခဲ့ တယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ မတ်လ ၁၅ ရက်ကတည်းက ဟူသီသူပုန်တွေကို တိုက်ခိုက်မှုအရှိန် နေ့စဉ် မြှင့်ခဲ့တာဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က အရေးပါတဲ့ပင်လယ်ရေကြောင်း သွားလာရေးလမ်းကြောင်းတစ်လျှောက်ရှိ သင်္ဘောတွေ ကို တိုက်ခိုက်နေတဲ့ ဟူသီသူပုန်တွေရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားတဲ့အထိ အားအင်အပြည့် တိုက်ခိုက်မှုတွေ ထပ် တိုး လုပ်ဆောင်ဖို့ အမိန့်ပေးထားတာ ဖြစ်ပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက ပစ်မှတ်နေရာ ၈၀၀ ကျော်ကို ထိမှန်ခဲ့ပြီး ဟူသီသူပုန်တွေရဲ့ အမိန့်ပေး ညွှန်ကြား ရေးဌာနတွေ၊ လေကြောင်းရန်ကာစနစ်တွေ၊ အဆင့်မြင့်လက်နက်ထုတ်လုပ်ရေးစခန်းတွေနဲ့ အဆင့်မြင့် လက်နက် သိုလှောင်ရေးနေရာတွေကို ဖျက်ဆီးနိုင်ခဲ့ပြီး ဟူသီသူပုန်ရာချီနဲ့ခေါင်းဆောင်တွေစွာကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။

ဟူသီသူပုန်တွေဟာ ဒေသတွင်းမှာ သွားလာနေတဲ့ စီးပွားရေးနဲ့ စစ်ဘက်ဆိုင်ရာသင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး သူပုန်အဖွဲ့ခေါင်းဆောင်ပိုင်းက ဒီတိုက်ခိုက်မှုတွေ ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ်တွေကို အစ္စရေးရဲ့တိုက်ခိုက်မှု အဆုံးသတ်စေဖို့ ရည်ရွယ်တယ်လို့ ပြောဆိုထားပါတယ်။၂၀၂၃ ခုနှစ် နိုဝင်ဘာကနေစပြီး အခုနှစ် ဇန်နဝါရီလအထိ ဟူသီသူပုန်တွေဟာ ကုန်တင်သင်္ဘောအစင်းရေ ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အဲဒီလုပ်ရပ်တွေကြောင့် နှစ်စဉ်ကုန်စည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁ ထရီလီယံထိ တန်ကြေးရှိ ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေတဲ့ ကုန်စည်စီးဆင်းမှုတွေကို များစွာ ထိခိုက်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုထားပါတယ်။