ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ဟာ ရုရှားအတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ ရလဒ်ဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်က သဘောတူညီချက်ကို လက်ခံသင့်တယ်လို့ အမေရိကန်က မေလ ၂၉ ရက်မှာ ပြောကြားလိုက် တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ရက်ပေါင်း ၃၀ ကြာ မြေပြင်၊ လေကြောင်း၊ ရေကြောင်းနဲ့ အခြားအရေးပါတဲ့ အခြေခံအဆောက်အအုံ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားဘက်က သဘောတူဖို့ အမေရိကန်က လိုလားနေတာ ဖြစ်ပါတယ်။

မေလ ၁၆ ရက်က ရုရှားနဲ့ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ရယူနိုင်ခဲ့ပြီး လက်ရှိ မှာ အပြန်အလှန် ချိုးဖောက်ကာ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ဥရောပပဋိပက္ခကို အဆုံးသတ်လိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတကို ထပ်ခါတလဲလဲ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီငြိမ်းချမ်းရေး အစပျိုးမှုနဲ့ စီးပွားရေးဆိုင်ရာ အစီအစဥ်တစ်ခုအပါအဝင် ရုရှားနဲ့ လက်တွဲဆောင်ရွက်ချင်ပါတယ်။ ဒီပဋိပက္ခအတွက် စစ်ရေးအရ အဖြေရှာတာ မရှိပါဘူး” လို့ အမေရိကန် ယာယီဒုတိယသံအမတ်ကြီးက လုံခြုံရေး ကောင်စီကို ပြောကြားခဲ့ပါတယ်။ အခုကမ်းလှမ်းလိုက်တဲ့ သဘောတူညီချက်က ရုရှားအတွက် အကောင်းဆုံး ရလဒ်ပါပဲ၊ ဒါ့ကြောင့် သမ္မတ ပူတင်အနေနဲ့ ဒီသဘောတူညီချက်ကို လက်ခံသင့်တယ်လို့လည်း ဒုတိယသံအမတ်ကြီးက ပြောထားပါတယ်။