အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယီမင်ရှိ ဟူသီသူပုန်တွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာကို ရပ်တန့် သွားမှာဖြစ်ကြောင်း မေလ ၆ ရက်က ကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။သဘောတူညီချက်အရ အမေရိကန်နဲ့ဟူသီတို့ဟာ ပင်လယ်နီနဲ့ Bab al-Mandab ရေလက်ကြားရှိ အမေရိကန် သင်္ဘောတွေ အပါအဝင် အခြားပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပြောကြား ထားပါတယ်။

ယီမင်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေက အခုနှစ်အတွင်း အမေရိကန်ရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး အဲဒီတိုက်ခိုက်မှုကြောင့် ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်စည် သင်္ဘောတွေအပေါ် ထိခိုက်မှုတွေ ဖြစ်စေတဲ့အပြင် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကို ရပ်တန့်သွားမယ်ဆိုတဲ့ ထရမ့်ရဲ့အဆိုပြုချက်အပေါ် ကာတာနဲ့ကူဝိတ်တို့က လက်ခံကြိုဆို ခဲ့ကြပြီး လွတ်လပ်စွာ ရေကြောင်းသွားလာမှု လုံခြုံစေရေး ခြေလှမ်းအတွက် မျှော်လင့်ချက်တွေကိုလည်း ဖော်ပြခဲ့ ကြပါတယ်။ ထရမ့်ဟာ သမ္မတဖြစ်လာပြီးနောက် ဟူသီသူပုန်တွေကို သိသိသာသာ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။