အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လော့စ်အိန်ဂျလိစ်မှာ အမျိုးသားလုံခြုံရေးအစောင့် တပ်ဖွဲဝင် ၂၀၀၀ လောက်အထိ တပ်ဖြန့်ချထားလိုက်တယ်လို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ထရမ့်ရဲ့ အိမ်ဖြူတော် နယ်စပ်လုံခြုံရေးအရာရှိ တွမ်ဟိုးမန်းက ကျွန်တော်တို လော့စ်အိန်ဂျလိစ်ကို ပိုမို လုံခြုံအောင် ပြုလုပ်နေတယ်လို Fox news ကို ဇွန်လ ၇ ရက်မှာ ပြောခဲ့ပါတယ်။လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် စည်းကြပ်မှု (ICE) ဖက်ဒရယ် အေးဂျင့်တွေဟာ လော့စ်အိန်ဂျလိစ်မြို လက်တီနိုဒေသမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးရာကနေ ထိပ်တိုက်တွေ့မှုတွေနဲ့ မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ဒီမငြိမ်သက်မှုတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်က စတင်ခဲ့တာဖြစ်ပြီး ပါရာမောင့်ဒေသမှာတော့ အာဏာပိုင်တွေက လုစုခွဲဖိုအတွက် မျက်ရည်ယိုဗုံးတွေ၊ နံပတ်တုတ်တွေကို အသုံးပြုခဲ့ပါတယ်။

ICE အေးဂျင့်တွေက တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေပြီး အခုသီတင်းပတ်ထဲမှာတင် လော့စ်အိန်ဂျလိစ်မှာ ၁၁၈ ဦးခန့်ကို ဖမ်းဆီးခဲ့တယ်လို သိရပါတယ်။ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ ဒီစီးနင်းမှုတွေက အလွန်ရက်စက်ကြမ်းကြုတ်တယ်လို ရှုတ်ချခဲ့ပါတယ်။ပါရာမောင့်ဒေသမှာ ဆန္ဒထုတ်ဖော်သူတွေနဲ့ အာဏာပိုင်တွေဟာ လက်ရှိအချိန်ထိ ထိပ်တိုက်တွေ့နေဆဲဖြစ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းနေတယ်လို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။