အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့လယ်က ဂျူးလူမျိုးတွေရဲ့ ပြတိုက်အပြင်ဘက်မှာ အစ္စရေးသံရုံးဝန်ထမ်း နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ဂျူးပြတိုက်ထဲမှာပြုလုပ်နေတဲ့ အခမ်းအနား တစ်ခုကနေ ပြန်ထွက်လာချိန်မှာ ပစ်သတ်ခံရတာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်ကတော့ မေလ ၂၁ ရက် ဒေသစံတော်ချိန် ည ၉ နာရီကျော်ဝန်းကျင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှု ဖြစ်ပွားချိန်မှာ အစ္စရေးသံရုံးက ဝန်ထမ်းအများအပြားဟာ ပြတိုက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။အစ္စရေးသံရုံးဝန်ထမ်းနှစ်ယောက် အသတ်ခံခဲ့ရတဲ့အကြောင်းကို အမေရိကန် အမိမြေလုံခြုံရေးဌာန အကြီးအကဲ ကလည်း X ပလက်ဖောင်းမှာ အတည်ပြုထားပြီး သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ဆုတောင်းပေးကြောင်းနဲ့ တရားမျှတမှု ရရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကတော့ အခုဖြစ်ရပ်ဟာ ဆီးမိုက်ဆန့်ကျင်ရေး အကြမ်းဖက်ဝါဒရဲ့ ယုတ်ညံ့ တဲ့ လုပ်ရပ်လို့ ဆိုပါတယ်။ ဒီရာဇ၀တ်မှုတွေအတွက် တာဝန်ရှိသူတွေကို အမေရိကန်အာဏာပိုင်တွေက ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။ဒီဖြစ်စဉ်ကြောင့် ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့ဟာ မြို့ထဲက လမ်းအများအပြားကို ပိတ်ထားခဲ့ပြီး ပစ်ခတ်သူကို ရှာဖွေတာ တွေ ပြုလုပ်နေပါတယ်။