လစ်သူယေးနီးယားနိုင်ငံနဲ့ ဘီလာရုစ်နယ်စပ်အနီး လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၄ ယောက်ပျောက်ဆုံးသွားတယ်လို့ အမေရိကန်စစ်တပ်က ပြောကြားထားပါတယ်။လက်ရှိမှာ ပျောက်ဆုံးသွားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်လေးယောက်ကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အဲဒီတပ်ဖွဲဝင်တွေ လေ့ကျင့်နေတဲ့ သံချပ်ကာယာဉ်က ရေထဲမှာနစ်မြုပ်သွားကြောင်း တွေ့ရှိပြီးနောက် အမေရိကန် စစ်တပ်က ပြောကြားလာတာကို CNN သတင်းမှာဖော်ပြထားပါတယ်။တပ်ဖွဲ့ဝင်တွေဟာ မတ်လ ၂၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်က လစ်သူယေးနီးယား အရှေ့ပိုင်း ပတ်ရိတ်ဒ် မြို့အနီးရှိ လေ့ကျင့်ရေး ဧရိယာမှာ ပျောက်ဆုံးသွားကြောင်း လစ်သူယေးနီးယားလက်နက်ကိုင် တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

မတ်လ ၂၆ ရက်နေ့ညနေနှောင်းပိုင်းမှာတော့ အမေရိကန်စစ်တပ် ဥရောပနဲ့ အာဖရိကတို့က စစ်သားတွေ လည်ပတ်နေတဲ့ M88 သံချပ်ကာယာဉ်ကို လေ့ကျင့်ရေးဧရိယာမှာ တွေ့ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။အမေရိကန်စစ်တပ်၊ လစ်သူယေးနီးယားလက်နက်ကိုင်တပ်ဖွဲ့နဲ့ တခြားလစ်သူရေနီးယားအာဏာပိုင်တွေက ရှာဖွေမှုအပြီးမှာ လေ့ကျင့်ရေးဧရိယာအတွင်း နစ်မြုပ်နေတဲ့ ယာဉ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အမေရိကန်စစ်တပ်၊ လစ်သူယေးနီးယား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အရပ်ဘက်အေဂျင်စီတွေက ပြန်လည်ထူ ထောင်ရေး ကြိုးပမ်းမှုတွေလုပ်ဆောင်နေပြီး ပျောက်ဆုံးနေတဲ့ စစ်သားတွေ အတွက် ရှာဖွေရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။