အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်က ဆန္ဒထုတ်ဖော်ပွဲတွေဟာ ၆ ရက်မြောက်နေ့မှာ ငြိမ်သက်လာပြီ ဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ မရိန်းတပ်သား ၇၀၀ နီးပါးကို လော့စ်အိန်ဂျလိစ်မှာ ယာယီ တပ်ဖြန့်ထားမှာပြီးနောက် ဆန္ဒထုတ်ဖော်ပွဲတွေကို ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောကြားလာတာကို CNN သတင်းမှာလည်း ဖော်ပြထားပါတယ်။

မရိန်းတပ်သားတွေ၊ အမျိုးသားစောင့်တပ်တွေနဲ့ ဆန္ဒထုတ်ဖော်သူတွေကို နှိမ်နင်းနိုင်ခဲ့သလို လော့စ်အိန်ဂျလိစ် တစ်ဝန်း အုတ်အော်သောင်းနင်းဖြစ်နေတာတွေကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ကန့်ကွက်မှုကြောင့် စစ်တပ်အသုံးပြုမှုနဲ့ ပတ်သက်လို့ ထရမ့် ဆုံးဖြတ်ချက်အပေါ် အမျိုးသားရေး အခြေအတင်ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့် ကယ်လီဖိုးနီးယားပြည်နယ် အစိုးရ အဖွဲ့က အဲဒီတပ်ဖြန့်မှုကို ရပ်တန့်ဖို့ အမေရိကန်အစိုးရကို တရားစွဲဆိုခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး စီးနင်းမှု ဒါမှမဟုတ် ဆက်စပ်ကန့်ကွက်မှုတွေအတွင်း ဖက်ဒရယ်ဝန်ထမ်းတွေနဲ့ ပိုင်ဆိုင်မှု တွေကို ကာကွယ်ဖို့အတွက် မရိန်းတပ်သားတွေနဲ့ အမျိုးသားအစောင့်တပ်တွေကို ဖြန့်ကြက်ထားနိုင်ကြောင်း ထရမ့်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒထုတ် ဖော်မှုတွေ ဖြစ်ပွားခဲ့ရာမှာ ထရမ့်က အမျိုးသားအစောင့်တပ်တွေ စေလွှတ်ချထားပြီးကတည်းက တင်းမာမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။