အမေရိကန်စစ်တပ်ဟာ ထရမ့်စေလွှတ်တဲ့အမျိုးသားအစောင့်တပ်တွေ ထပ်မံရောက်ရှိလာမဲ့အချိန်အထိ မရိန်း တပ်သား ၇၀၀ နီးပါးကို လော့စ်အိန်ဂျလိစ်မှာ ယာယီတပ်ဖြန့်ထားမှာဖြစ်တယ်လို့ Reuters သတင်းမှာ ပါရှိပါ တယ်။ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြင်းထန်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် စစ်တပ်ရဲ့တုံ့ပြန်မှု နောက်ထပ်တိုးလာတာ ဖြစ်ပါတယ်။

ထရမ့်က နောက်ထပ် အမျိုးသားအစောင့်တပ်သား ၂,၀၀၀ ကို တပ်ဖြန့်ထားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် လော့စ်အိန်ဂျလိစ်ဧရိယာမှာ မရိန်းတပ်သား ၇၀၀ ကို ပင်တဂွန်က တပ်ဖြန့်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒ ထုတ်ဖော်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် ထရမ့်က အမျိုးသားအစောင့်တပ်တွေ စေလွှတ်ချထားခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

ဒါဟာ နိုင်ငံအတွင်း တရားမဝင်နေထိုင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေတဲ့ ထရမ့်အတွက် ရောင်ပြန်ဟပ်မှုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ဇွန်လ ၉ ရက် နှောင်းပိုင်းက လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ ဖယ်ဒရယ်ထိန်းသိမ်းရေးစခန်းအပြင်ဘက်မှာ ရာချီရှိ တဲ့ ဆန္ဒထုတ်ဖော်သူကို ရဲတွေက လူစုခွဲဖို့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြို့ခံတွေကတော့ ဓာတ်ငွေ့ဘူးတွေလို လူကိုသေစေလောက်တဲ့ ခဲယမ်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။