အမေရိကန်နဲ့ရုရှား နှစ်နိုင်ငံ အကျဥ်းသားလဲလှယ်ရေး အစီအစဥ်ကို ဧပြီ ၁၀ ရက်က ပြုလုပ်ခဲ့တယ်လို နှစ်ဖက် တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားတာကို CNN သတင်းမှာ ရေးသားထားပါတယ်။ မော်စကိုလေဆိပ်မှာ ၂၀၂၄ ဇူလိုင်လတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ရုရှားနိုင်ငံသူ ကာရယ်လီနာကို အကျဥ်းသား လဲလှယ်ရေး အစီအစဥ်အရ ရုရှားက ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန်ဘက်ကလည်း ရုရှားစစ်တပ် အတွက် မိုက်ခရို အလက်ထရောနစ်နည်းပညာတွေ ခိုးသွင်းမှုနဲ့ ၂၀၂၃ မှာ ဖမ်းထားတဲ့ ရုရှားနိုင်ငံသား ပက်ထရော့ဗ်ကို ပြန်လွှတ်ပေးတာလို ဆိုပါတယ်။

တူကီယဲနိုင်ငံမှာ အမေရိကန်နဲ့ ရုရှားကိုယ်စားလှယ်တွေ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို တွေ့ဆုံဆွေးနွေး နေချိန်မှာ အကျဥ်းသားလဲလှယ်ရေး အစီအစဥ်ကို အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမြိုတော် လေဆိပ်မှာ ပြုလုပ်ခဲ့တာလို ရုရှား သတင်းတွေက ဖော်ပြပါတယ်။ အမေရိကန် နိုင်ငံသား ခံယူထားတဲ့ အသက် ၃၃ နှစ်အရွယ် ရုရှားနိုင်ငံသူ ကာရယ်လီနာကို ယူကရိန်း စစ်တပ်ကို ဒေါ်လာ ၅၂ ဒေါ်လာ ကူညီလှူဒါန်းခဲ့မှုနဲ့ ရုရှားထောက်လှမ်း ရေးက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာလို ရုရှားသတင်းတွေက ဖော်ပြခဲ့ပါတယ်။