ရုရှ-ယူကရိန်း နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ချက်ချင်းပြုလုပ်သင့်ကြောင်းနဲ့ အရေးကြီးဆုံးက စစ်ပွဲကို အဆုံးသတ်ရမှာဖြစ်အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလာ တာကို CNA သတင်းမှာ ဖော်ပြထားပါတယ်။

ကရင်မလင်ဘက်က သဘောတူညီမှုတစ်ခု လုပ်ဖို့အတွက် အချိန်ယူရမှာ ဖြစ်ပြီး မော်စကိုကို ဖိအားအသစ်တွေ ထပ်ပေးဖို့အတွက် ထရမ့်အနေနဲ့ ဥရောပနဲ့ပူးပေါင်းဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။ထရမ့်ဟာ ပူတင်နဲ့ဖုန်းပြောဆိုမှုအပြီးမှာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ဒီလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ဖို့ တာဝန်လက်ဆင့်ကမ်းပေးခဲ့တဲ့အတွက် ဥရောပခေါင်းဆောင်တွေက ရုရှားကို ပိုမိုဖိအားပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ထရမ့်ကတော့ “အခြေအနေတိုးတက်မှုမရှိဘူးဆိုရင် ကျွန်တော်ကတော့ နောက်ဆုတ်လိုက်ရုံပါပဲ။ ဒါ ကျွန်တော့်နိုင်ငံနဲ့ဖြစ်တဲ့ စစ်ပွဲမှ မဟုတ်တာပဲလေ” ဆိုပြီး ဒီပြဿနာနဲ့ မပတ်သတ်လို့ရတဲ့အကြောင်းကိုပဲ ထပ်ခါထပ်ခါ ပြောကြားသွားပါတယ်။ ပူတင်ကတော့ စစ်ပွဲကိုအဆုံးသတ်ဖို့၊ ယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ မော်စကိုက အသင့်ဖြစ်နေပြီလို့ ပြောဆိုထားပါတယ်။ဒီကိစ္စအတွက် နောက်ဆုံးသတ်မှတ်ရက်ဆိုတာ မရှိပါဘူး၊ အားလုံးကတော့ မြန်မြန်ဆန်ဆန်ပဲ ပြီးသွားစေချင်နေပြီ ဖြစ်ပေမဲ့ ဒီပြဿနာက အပြောလွယ်သလောက် အလုပ်ခက်ပါတယ်လို့ RIA အေဂျင်စီက ဆိုပါတယ်။