သုံးနှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ရုရှား-ယူကရိန်း ပဋိပက္ခကို အမြန်အဆုံးသတ်စေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပြောကြားလာတာကို CNN သတင်းမှာ ရေးသားထားပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေး ကောက်ပွဲအတွက် မဲဆွယ်ကာလတုန်းက ရုရှားနဲ့ ယူကရိန်း စစ်ပွဲကို တစ်ရက်အတွင်း အမြန် အဆုံးသတ်စေရမယ် ဆိုပြီး ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ထရမ့်ရဲ့ ဒုတိယသမ္မတသက်တမ်း တာဝန်ထမ်းဆောင်တဲ့ ရက် ၁၀၀ အတွင်း မှာ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို မဆိုထားနဲ့ အပစ်ခတ်ရပ်စဲရေးအတွက်တောင် မျှော်မှန်း ထားတာထက် ခက်ခဲနေတာကို တွေ့ရပါတယ်။

ထရမ့်က တရားမျှတမှုရှိဖို့ ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီကို ဦးတည်သွားနိုင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြားထဲက ပွဲစားလုပ်ပြီး ဖြေရှင်းပေးနေပေမယ့် ထင်ထားသလို အမှန်တကယ် တိုးတက် မလာသေးပါဘူး။ အမေရိကန်က ကြားဝင်စေ့စပ်ထားတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ် မထားကြဖို့ သဘောတူညီချက်ကို နှစ်ဖက်စလုံးက မလိုက်နာကြတာကြောင့် များစွာစိတ်ပျက်မိတယ်လို့ ထရမ့်က ပြေဆိုခဲ့ပါတယ်။