ယူကရိန်းအပေါ် ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး အပြစ်မဲ့အရပ်သားတွေ အများအပြား သေဆုံးမှုကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လုံးဝကို ရူးသွပ်နေပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို အပြစ်မဲ့အရပ်သားတွေ သေဆုံးမှုကြောင့် မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေကို ထပ်မံချမှတ်ဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း ထရမ့်က ပြောကြားထားပါတယ်။ ပူတင်က တစ်ခုခုဖြစ်သွားပြီ သူ လုံးဝကို ရူးသွားပြီလို့ ထရမ့်က သူ့ Truth Social မှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒါ့အပြင် ပူတင်က ယူကရိန်းနိုင်ငံ အားလုံးကို လိုချင်နေတယ်၊ အဲဒါက တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ဘူး၊ အဲဒါက မှန်ကန်ကြောင်း သက်သေပြနေ ပေမယ့် သူ ဒီအတိုင်းသာ ဆက်လုပ်ရင် ရုရှားနိုင်ငံ ပြိုလဲသွားလိမ့်မယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။

သုံးညတာ ကာလအတွင်း ရုရှားက ယူကရိန်းကို ဒရုန်း ၉၀၀ ကျော်၊ ဒုံးကျည်တွေ အများအပြားနဲ့ တိုက်ခိုက်မှု တွေက စစ်ရေး သံခင်းတမန်ခင်း ယှဉ်ပြိုင်နေတဲ့ အဆင့်ကို ကျော်လွန်သွားပြီး ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ကို ပြသနေတာဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။ ဒါဟာ လူတိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာ လွန်ကဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေနဲ့ ဆက်စပ်နေတဲ့ အလွန်အရေးကြီးတဲ့ အခိုက်အတန့်ပါပဲ” လို့ ထရမ့်က ပူတင်ကို ပြစ်တင်ဝေဖန် ပြောဆိုထားပါတယ်။