ကိယက်ဗ်နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ငြင်းဆိုလိုက်တာကြောင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ “မီးနဲ့ကစားနေတယ်”လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မေလ ၂၇ ရက်က ပြောကြားလိုက် တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

သုံးနှစ်ကျော်ကြာ စစ်ပွဲအတွင်း ဒရုန်းတွေ၊ ဒုံးကျည်တွေအများအပြားနဲ့ မော်စကိုက ယူကရိန်းကို တိုက်ခိုက်တာ ကြောင့် လူအသေအပျောက် အများဆုံး ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေအပေါ် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်း မှုမှာ ရှေ့မတိုးဘဲ ယူကရိန်းကို တိုက်ခိုက်မှုတွေ တိုးချဲ့ဆောင်ရွက်နေတာကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံး မှုနဲ့ပတ်သက်လို့ ထရမ့်က အခုလို မှတ်ချက်ပြုပြောကြားလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားက လုပ်ဆောင်နေတဲ့စစ်ပွဲကို ရပ်တန့်စေလိုတဲ့ ဆန္ဒတွေကို ပြသကြဖို့ အမေရိကန်၊ ဥရောပနိုင်ငံ တွေနဲ့ အခြားနိုင်ငံတွေကို ယူကရိန်းသမ္မတက တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ရုရှားနဲ့ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်နိုင်တာမျိုး မရှိသေးတဲ့အပြင် သဘောတူညီ ချက် တစ်ခုခုကိုလည်း ရယူနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။