တီဟီရန်ရဲ့ ယူရေနီယံ သန့်စင်မှုကို ရပ်တန့်ဖို့ အမေရိကန်ရဲ့တောင်းဆိုချက်က အလွန်အကျွံ ဒေါသထွက်စရာ ဖြစ်တယ်လို့ အီရန်နိုင်ငံ ခေါင်းဆောင် အယာတိုလာ အလီခါမေနီက တုံ့ပြန်ပြောကြားထားတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒီတောင်းဆိုမှုကြောင့် နျူကလီးယား သဘောတူညီချက်သစ်နဲ့ ဆွေးနွေးပွဲတွေက အောင်မြင်ပါ့မလားဆိုတာကို သံသယရှိတယ်လို့ အယာတိုလာ အလီခါမေနီက ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးမှု ရလဒ်တွေက ဘာဖြစ်လာမယ်ဆိုတာ ကျွန်တော် သေချာ မသိပါဘူး။ ဒါပေမဲ့ လေးကြိမ်ကျင်းပပြီးဖြစ်တဲ့ ဆွေးနွေးပွဲတွေပြီးနောက် အဓိပ္ပာယ်မဲ့တဲ့ ဒီလိုတောင်းဆိုမှုတွေကို ရှောင်ရှား သင့်ပြီး နျူကလီယား သဘောတူညီချက်သစ်အတွက် ဆွေးနွေးပွဲတွေက တုန်လှုပ်ချောက်ချားစရာ အခြေ အနေမှာ ရှိနေတယ်လို့ ခါမေနီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ကာလကြာရှည်အငြင်းပွားနေတဲ့ နျူကလီးယားစွမ်းအင်အစီအစဉ်ကို ဖြေရှင်းဖို့ အလျှော့အတင်း မပြုလုပ်ရင် အီရန်ကို ဗုံးကြဲတိုက်ခိုက်မှာဖြစ်သလို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ထရမ့်က အကြိမ်ကြိမ် သတိပေးထားပါတယ်။