အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် ရှေ့ခရီးစဉ်ကို ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံခြားရေး၀န်ကြီးတွေအပြင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲတွေ အပါအဝင် ဥရောပ မဟာမိတ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလာတာကို Reuters သတင်းမှာ ပါရှိပါတယ်။

ဆွေးနွေးပွဲအတွင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး၊ ဂျာမန်နဲ့ ပိုလန်နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပါဝင် တယ်လို့ မာကိုရိုဘီယိုက ပြောပါတယ်။ ခြွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ ဒါမှမဟုတ် ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ကို ရင်ဆိုင်ဖို့ ဥရောပအင်အားကြီးနိုင်ငံတွေက တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှုနဲ့ ဒေသတွင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့အတွက် ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။လာမယ့်သီတင်းပတ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး ယူကရိန်း နိုင်ငံ ကာကွယ်ရေးအတွက် ထိပ်သီးအစည်းအဝေးကျင်းပသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။