ဖြစ်နိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ယူကရိန်းနဲ့ လက်တွဲဆောင်ရွက်ဖို့ ရုရှားသမ္မတပူတင် သဘောတူခဲ့ကြောင်း AP သတင်းမှာ ထုတ်ပြန်ထားပါတယ်။

မော်စကိုနဲ့ကိယက်ဗ်တို့အကြား တိုက်ရိုက်ဆွေးနွေးပွဲ တွေ ပြန်လည်စတင်ဖို့ ပူတင်က အားပေးနေပါတယ်။ မေလ ၁၉ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးပြီးနောက် ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ ဒါ့ကြောင့် မော်စကိုဟာ အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်ဆိုင်ရာ ယူကရိန်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အနာဂတ် ငြိမ်းချမ်းရေး သဘောတူညီချက် စာချွန်လွှာမှာ ယူကရိန်းနဲ့ လက်တွဲဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ ဥပမာ ပြေလည်မှု အခြေခံမူတွေ၊ ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ သတ်မှတ်ဖို့ အဆင်သင့်ပါပဲလို့ ပူတင်က ပြောကြားခဲ့တာပါ။သင့်လျော်တဲ့ သဘောတူညီချက်တွေ ရရှိရင် အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ကြောင်းနဲ့ ရုရှားနဲ့ယူကရိန်းကြား တိုက်ရိုက်ဆွေးနွေးပွဲက ယေဘုယျအားဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ကြောင်းကိုလည်း ပူတင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။