ယူကရိန်းအတွက် ရန်ပုံငွေထောက်ပံ့မှု ခေတ္တရပ်ထားမှုကို အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီက ပြန်လည်စဉ်းစားနေကြောင်း အိမ်ဖြူတော်သတင်းထောက် ကဲရိုလိုင်းလီဗစ်က ပြောကြားကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ်က ယူကရိန်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲ ပြောကြားလိုက်ပါ။

ယူကရိန်းသမ္မတရုံး အကြီးအကဲ အန်ဒရေး ယာမက်ခ်ဟာ မိုက်ခ်ဝေါ့လ်ဇ်နဲ့ ဖုန်းပြောဆိုမှုထဲမှာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီ နောက်ထပ်ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။တယ်လီဖုန်း ဆွေးနွေးပွဲအတွင်း နှစ်ဖက်ပုဂ္ဂိုလ်တွေဟာ သက်ဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ သဘောတူညီမှုတွေကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးမူဘောင်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရာထူးနေရာတွေ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ အမြင်သဘောထားတွေကို အတွင်းကျကျ ဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။သူတိုအဖွဲ့တွေဟာ ဒီအရေးကြီးလုပ်ငန်းကို ရှေ့ဆက်တိုးတက်စေဖို့အတွက် မကြာမီကာလအတွင်း တွေ့ဆုံကြဖို့ သဘောတူထားတာဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ စကားပြောအဆင်မပြေ ဖြစ်ခဲ့ပြီးနောက်မှာ နှစ်နိုင်ငံဆိုင်ရာ အရင်းအမြစ် သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီးနောက်မှာ ထရမ့်အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီအားလုံးကို ခေတ္တရပ်ထားခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် ဇယ်လန်းစကီးဟာ သူ့နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပူးပေါင်းဆောင်ရွက်မှုဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုရှိကြောင်းနဲ့ နှစ်ဖက်စလုံးက အဖွဲ့တွေဟာ နောက်ထပ်အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ စတင်နေပြီလို့လည်း ပြောကြားထားပါတယ်။