အခုလအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို နှစ်ဦးတွေ့ဆုံဖိုရှိတယ်လို ရုရှားသတင်းအေဂျင်စီတွေက ထုတ်ပြန်ထားတာကိုကိုးကားပြီး The Straits Times သတင်းမှာဖော်ပြထားပါတယ်။

မျက်နှာချင်းဆိုင်တွေ့ဆုံဖို ပြင်ဆင်ချိန်ယူနေပေမယ့် အခုလအတွင်းမှာ သမ္မတနှစ်ဦးတွေ့ဆုံဖိုရှိတယ်လို ကရင်မလင် နန်းတော်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Dmitry Peskov က ဒီနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြောကြားပါတယ်။ဒါဟာ ရုရှား-ယူကရိန်း အပစ်ရပ်စဲရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြန်လည် ပြေလည်မှုရရှိဖိုအတွက် အလွန်အရေးကြီးတဲ့ ခြေလှမ်း တစ်ခုဖြစ်တယ်လို ပက်စ်ပော့ဗ် က ပြောပါတယ်။

ဒါက ပထမခြေလှမ်းဖြစ်သလို ရေရှည်ကြိုးပမ်းဆောင်ရွက်ရမယ့် ခရီးတစ်ခုလည်းဖြစ်တယ်လို ပက်စ်ကော့ဗ် က ပြောပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူအသေအပျောက်အများဆုံး ပဋိပက္ခကို ရပ်တန့် နိုင်ဖို ခြေလှမ်းဖြစ်သလို အမေရိကန်နဲ့ ရုရှားအရာရှိတွေ ပထမဆုံးအကြိမ် တွေ့ဆုံမှုတစ်ခုလည်းဖြစ်ပါတယ်။