သမ္မတဒေါ်နယ်ထရမ့်က မက်ဆီကိုတင်ပို့ကုန်တွေ အပေါ် အခွန် ၂၅ % ကောက်ခံမှုကို တစ်လနီးပါး ဆိုင်းငံ့လိုက်ပြီလို့ CNN သတင်းမှာရေးသားထားပါတယ်။မက်ဆီကို သွင်းကုန်အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုဆိုင်းငံ့ခဲ့ပေမယ့် ကနေဒါအတွက် အခွန် ၂၅ % ကောက်ခံမှုနဲ့ပတ်သက်ပြီး ဆိုင်းငံ့ဖို့ ရှိမရှိ သမ္မတထရမ့်က မပြောသေးပါဘူး။ ဒါပေမယ့် ကုန်သွယ်ရေးဝန်ကြီးဟောဝပ်လုနစ်ခ် (Howard Lutnick)ကတော့ ကနေဒါအတွက်ပါ ဆိုင်းငံ့ဖို့ဖြစ်လာနိုင်တယ်လို့ ကြာသပတေးနေ့ ရုပ်သံမေးမြန်းခန်းမှာ အရိပ်အမြွက်ပြောခဲ့ပါတယ်။

တစ်ဖက်မှာလည်း ထရမ့်က မက္ကဆီကိုနဲ့ ကနေဒါ တို့ကနေ ကားတင်သွင်းမှု အပေါ် သွင်းကုန်ခွန် တစ်လဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။မော်တော်ယာဥ်ထုတ်လုပ်သူတွေအတွက် ထရမ့်ချမှတ်ထားတဲ့ အခွန် ၂၅ % ကင်းလွတ်ခွင့်ရရှိမှာဖြစ်ကြောင်း အိမ်ဖြူတော်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်းပြောပါတယ်။မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ကနေ မော်တော်ယာဉ်တင်သွင်းမှု အပေါ်မှာ သွင်းကုန်ခွန် နှုန်းထားသစ် ၂၅ ရာခိုင်နှုန်း ကောက်ယူရေးကို တစ်လ ဆိုင်းငံ့လိုက်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ကြေညာခဲ့ပါတယ်။