အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို နှစ်ဦး ဧပြီလ ၂၆ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဈာပနမစတင်မီ မိနစ်ပိုင်းအလို ဗာတီကန်မှာ တွေ့ဆုံဆွေနွေးခဲ့ကြကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။အဲဒိဆွေးနွေးမှုအတွင်း ရုရှား- ယူကရိန်း အကြပ်အတည်းစစ်ပွဲ ဆွေးနွေးပွဲကို အမေရိကန်အနေနဲ့ အရေးတကြီး တွန်းအားပေးလုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို ထရမ့်ကဆိုပါတယ်။

ထုတ်ပြန်လာတဲ့ ဓာတ် ပုံတွေအရခေါင်းဆောင်နှစ်ဦးက စိန့်ပီတာရဲ့ ခမ်းနားထည်ဝါတဲ့ ဝန်းကျင်မှာ လက်ထောက်တွေ မပါဘဲ အနီးကပ် ဆွေးနွေးမှုတွေ ပြုလုပ်နေကြတာကို ပြသထားတာဖြစ်ပါတယ်။ဇယ်လန်းစကီးကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပိုစ်တင်ပြီး “ ကောင်းသောတွေ့ဆုံမှု” အတွက်ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော်တိုတွေ တစ်ယောက်ကို တစ်ယောက် ဆွေးနွေးမှုတွေ အများကြီး ဆောင်ရွက်ပြီးပြီ၊ ကျွန်တော်တို ဆွေးနွေးခဲ့သမျှ ရလဒ်တွေ အတိုင်း အကောင်းဆုံးဖြစ်လာမယ်လို မျှော်လင့်ထားကြောင်း ဇယ်လန်စကီးကဆိုပါတယ်။ကျွန်တော်တို ပြည်သူတွေအတွက် အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးခြင်း။ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အပြည့်အ၀ အပစ်အခတ်ရပ်စဲရေး။

နောက်ထပ်စစ်ပွဲမဖြစ်ပွားအောင် တားဆီးပေးမယ့် အပြင် ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပြီးတော့ သမိုင်းဝင်ဖြစ်လာနိုင်ချေရှိတဲ့ ရှေ့ရေးအလားအလာများစွာကိုလည်း ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ကြတယ်လို ဆိုပါတယ်။ခေါင်းဆောင်နှစ်ဦးက သီးသန့်တွေ့ဆုံပြီး အလွန်အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ထရမ့်နဲ့အတူ လိုက်ပါလာတဲ့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဇယ်လန်းစကီးဘက်က အရာရှိတွေနဲ့ ထရမ့်အရာရှိတွေနဲ့ တွေ့ဆုံမှုက ၁၅ မိနစ်နီးပါး မြင့်ပြီးခေါင်းဆောင်တွေက ဆက်လက်ဆွေးနွေးဖို သဘောတူညီခဲ့ကြတယ်လို သိရပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိမ်ဖြူတော်မှာ ဆိုးရွားလှတဲ့ တွေ့ဆုံမှုအပြီး သမ္မတ ထရမ့်နဲ့ ဇယ်လန်းစကီးတို အကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ပြီး သမ္မတနဲ့ အခြားအမေရိကန်အရာရှိတွေက အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။