ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းက နယူးယောက်မြို Hudson မြစ်ထဲကို ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၆ ယောက် သေဆုံးခဲ့ကြောင်း Reuters သတင်းမှာဖော်ပြပါတယ်။ နယူးယောက်စီးတီးကိုလည်ပတ်နေတဲ့ ရဟတ်ယာဉ် တစ်စင်း Hudson မြစ်ထဲကို ပျက်ကျခဲ့တာကြောင့် ကလေး ၃ ယောက်အပြင် လေယာဉ်မှူးတစ်ယောက်လည်း သေဆုံးသွားတယ်လို ဥပဒေစိုးမိုးရေးအရာရှိတွေက ပြောထားပါတယ်။

စပိန်နိုင်ငံက မိသားစုဝင်တွေကိုတင်ဆောင်လာတဲ့ အဲဒီခရီးသွား ရဟတ်ယာဉ်ဟာ နယူးယောက်မြို Hudson မြစ်ထဲထိုးကျခဲ့တာပါ။ နယူးယောက်မြို Wall St. Heliport ကနေ ထွက်ခွာလာပြီး ၁၅ မိနစ်ကျော်အကြာမှာ ရဟတ်ယာဉ်ဟာ တောင်ဘက်ကိုမလှည့်မီ ဂျော့ခ်ျဝါရှင်တန်တံတားကိုရောက်ရှိခဲ့ပြီး ပျက်ကျခဲ့တာလို တာဝန်ရှိ သူတွေကပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ ဗီဒီယိုဖိုင်ထုတ်ပြန်ချက်အရ ရဟတ်ယာဉ်ရဲ့ အမြီးပိုင်းဟာ ယိုင်နဲ့ပြီး ရေထဲကို ထိုးကျသွား ပြီးနောက် လမ်းကြောင်းပြောင်းသွားတာလိုလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ခရီးသည်တွေကို Jersey City Medical Center ကိုပိုဆောင်ပြီး တတ်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်းခဲ့ပေမယ့် အသက်ဆုံးရှုးခဲ့တာကြောင့် အလွန်ဝမ်းနည်းကြောင်း ဂျာစီမြိုတော်ဝန် Steven Fulop က ပြောကြားထားပါ တယ်။