အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်မြို့ကြီးတွေက လူတွေကို ဦးစားပေးနှင်ထုတ်ဖို့ ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကို ဇွန်လ ၁၅ ရက်က ညွှန်ကြားခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

လော့စ်အိန်ဂျလိစ်အပါအဝင် တခြားမြို့ကြီးတွေမှာ ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို ဆန့်ကျင် တာတွေ ပေါ်ပေါက်နေပြီး ထရမ့်ဟာ ကနေဒါနိုင်ငံ၊ အယ်ဘာတာမြို့မှာ ကျင်းပမယ့် G7 ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ သွားနေတဲ့လမ်းမှာ လူမှုကွန်ရက်ကနေတစ်ဆင့် ဒီလမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနဲ့ နယူးယောက်တို့လို အမေရိကရဲ့ မြို့ကြီးတွေမှာရှိနေတဲ့ သန်းပေါင်းများစွာသော တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးနှင်ထုတ်တာတွေ လုပ်နိုင်ဖို့ အားပိုစိုက်ရမယ်လို့ ထရမ့်က အိုင်စီအီး အရာရှိ တွေကို တိုက်တွန်းခဲ့ပါတယ်။

အိုင်စီအီးအရာရှိတွေအနေနဲ့ တစ်နေ့ကို အနည်းဆုံးအယောက် ၃၀၀၀ အထိ တိုးမြှင့်ဖမ်းဆီးသွားမယ်လို့ ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ရေးဆွဲခဲ့တဲ့ အိမ်ဖြူတော်ရဲ့ ဒုညွှန်ကြားရေးမှူးချုပ် စတီဗင်မေလ်လာက ပြောကြား ပြီးနောက်ပိုင်း ထရမ့်ရဲ့ ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ဒါပေမဲ့ စိုက်ပျိုးမွေးမြူရေးခြံ၊ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေကို ဝင်ရောက်ဖမ်းဆီးတာကိုတော့ မလုပ်ဖို့ ထရမ့် အစိုးရက ညွှန်ကြားထားပါတယ်။