ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံဖို အလာစကာကို ရွေးချယ်ခဲ့တာဟာ နေရာဒေသဆိုင်ရာ အရေးပါမှုကြောင့် ဖြစ်တယ်လို အမေရိကန် သမ္မတ ထရမ့်က ပြောတာကို BBC သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်ရဲ့ အလာစကာ ပြည်နယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၈ နှစ်က ရုရှားနိုင်ငံက အမေရိကန်နိုင်ငံကို ဒေါ်လာ ၇ ဒဿမ ၂ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ပတ် ထဲမှာ တွေ့ဆုံမယ်လို ဆိုထားတဲ့ နှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံမှုအတွက် ရွေးချယ်ထားတဲ့ နေရာနဲ့ အခြေအနေတွေကို ရုရှားဘက်က ထောက်ခံထားတယ်လို သိရပါတယ်။ အတုအယောင် ညှိနှိင်းဆွေးနွေးမှုတွေရှိလာတာ လနဲ့ချီပြီး ကြာမြင့်လာခဲ့ပြီးတဲ့နောက် သမ္မတ ပူတင်ဟာ အခု အခွင့်အရေးကို ဆုပ်ကိုင်လိမ့်မယ်ဆိုတာ သိသာနေတယ်လို ဆိုပါတယ်။

ဒါပေမဲ့ ယူကရိမ်းကိစ္စကို ဖယ်ထုတ်ထားပြီး နှစ်နိုင်ငံ အကြား သဘောတူညီမှု တစ်ရပ် ပေါ်ထွက်လာဖိုဆိုတာကို မြင်တွေ့ရဖိုကတော့ ခက်ခဲတယ်လို သိရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ယူကရိန်း သမ္မတ ဇယ်လန်စကီးက နယ်မြေတွေ ပေးအပ်ရမယ်ဆိုတဲ့ အမြင်ကို ငြင်းဆန်ပြောဆိုထားပါတယ်။ ထရမ့် ရဲ့ အထူးကိုယ်စားလှယ် Steve Witkoff ရဲ့ အစောပိုင်းက အတွေးအမြင်တွေထဲမှာ ပါဝင်တဲ့ အပစ်အခတ်ရပ်စဲဖိုအတွက် ယူကရိန်းဘက်က Donetsk နဲ့ Luhansk ဒေသ နှစ်ခုကို ရုရှားကို ပေးအပ်ရမယ်ဆိုတာကို ယူကရိန်းနဲ့ ဥရောပမဟာမိတ်တွေက လက်မခံနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း တုန့်ပြန်ထားပါတယ်။