အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မက်စ်ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့စာချုပ်တွေကို ဖျက်သိမ်းမယ်လို ဇွန်လ ၅ ရက်နေ့မှာ ခြိမ်းခြောက်ပြောဆိုခဲ့ပြီး အီလွန်မက်စ်ကလည်း ထရမ့်ကို ရာထူးကနေ ဖြုတ်ချသင့်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

တစ်ချိန်က ညီအစ်ကိုသဖွယ် ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ ထရမ့်နဲ့မက်စ်တိုဟာ အခုအခါမှာတော့လူမှုကွန်ရက်ပေါ်မှာ အချင်းချင်း ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာပါ။အစိုးရဘက်ဂျက်ကိုချွေတာဖိုအလွယ်ဆုံးနည်းလမ်းက အီလွန်မက်စ်နဲ့ချုပ်ဆိုထားတဲ့ အစိုးရစာချုပ်တွေကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို ထရမ့်က Truth မှာပိုစ်တင် ရေးသားခဲ့ပါတယ်။အီလွန်မက်စ်ကလည်း သူသာ ရွေးကောက်ပွဲအတွက် ဒေါ်လာ သန်း ၃၀၀ ထုတ်မပေးခဲ့ရင် ထရမ့်အနိုင်ရခဲ့မှာမဟုတ်ကြောင်း၊ ထရမ့်ရဲ့ကုန်သွယ်ခွန်ဆုံးဖြတ်ချက်ကြောင့် အခုနှစ်ကုန်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု စီးပွားရေးကျဆင်းလာနိုင်ကြောင်း ဆိုရှယ်မီဒီယာ X မှာ တုံပြန်ရေးသားခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ အခွန်လျှော့ချရေးမူဝါဒနဲ့ နိုင်ငံအတွက်ကုန်ကျစရိတ်ကြီးလွန်းတဲ့ ဘက်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး အီလွန်မက်စ်ဘက်က ဝေဖန်ရှုချခဲ့ရာကနေ သဘောထားကွဲလွဲမှုစတင်ခဲ့တာဖြစ်ပါတယ်။ အီလွန်မက်စ်ရဲ့ အာကာသလုပ်ငန်းဟာ အမေရိကန်အစိုးရအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပြီး ထရမ့်ရဲ့ခြိမ်းခြောက်မှုကြောင့် Space X ကုမ္ပဏီရဲ့ Dragon အာကာသယာဉ်ကို ပယ်ဖျက်မယ်လို အီလွန်မက်စ်က ပြောကြားခဲ့ပါတယ်။ Dragon အာကာသယာဉ်ဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို အာကသယာဉ်မှူးတွေကို ပိုဆောင်ပေးနိုင်မယ့်တစ်ခုတည်းသော အမေရိကန်ထုတ် အာကာသယာဉ်ဖြစ်ပါတယ်။