စေ့စပ်ညိနှိုင်းမှုတွေ မလုပ်ခင်မှာတင် ရုရှားသမ္မတ ပူတင်ကို အမေရိကန်သမ္မတ ထရမ့်က လိုက်လျော မှုတွေ လုပ်ခဲ့တဲ့အပေါ်မှာ ကရင်မလင်ဟာ အံ့အားသင့်ခဲ့ရတယ်လို့ ရုရှားအစိုးရအဖွဲ့ ဝန်ကြီးဟောင်း တစ်ယောက်က CNN ကို ပြောပါတယ်။

ကရင်မလင်က ထရမ့်အနေနဲ့ ရုရှားကို တောင်းဆိုချက်တစ်ချို့ လုပ်လာမယ်လို့ မျှော်လင့်ခဲ့ပြီး အဲဒီအတွက် ပြင်ဆင်တဲ့အနေနဲ့ ကမ်းလှမ်းမှုတစ်ချို့ကို ကိုင်စွဲထားခဲ့တယ်လို့ ပြောပါတယ်။ ရုရှား ဝွမ်းအင် ဒုတိယဝန်ကြီးဟောင်းနဲ့ ရုရှား အတိုက်အခံခေါင်းဆောင်ဟောင်း နာဗားညီရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဗလဒီမာ မီလော့ဗ်က အခုလိုပြောဆိုသွားတပါ။ လစ်သူယေးနီးယား နိုင်ငံ ဗီလ်နီးယပ်စ်မြို့တော်မှာ လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ အဲဒီမှာ ခိုလှုံတိမ်းရှောင်နေသူ မီလော့ဗ် က အခုလို ပြောဆိုတာပါ။

ယူကရိန်း သမ္မတ နဲ့ ထရမ့်တို့အကြား ဆက်ဆံရေး ဆိုးရွားလာမှုကြောင့် ရုရှားဟာ တောင်းဆိုချက်တွေကို ပိုတိုးလုပ်လာခဲ့တဲ့ သဘောမျိုး လွန်ခဲ့တဲ့ ရက်တွေကစပြီး တွေ့လာရတယ်လို့ မီလော့ဗ်က ပြောပါတယ်။ နေတိုးအဖွဲ့ကို တိုးချဲ့တာက သူရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတာကြောင့် ယူကရိန်းကို ကျူးကျော်ရကြောင်း ရုရှက ပြောဆိုထားတာပါ။အဲဒီပြောဆိုချက်ကို အနောက်နိုင်ငံတွေက ပယ်ချပြီး စစ်စတင်တိုက်ခိုက်ခဲ့တာဟာ တရားကြောင်း ဆင်ခြေပေးဖို့ ပြောဆိုချက်အဖြစ် တုံ့ပြန်ထားကြပါတယ်။