ကျောင်းသားဗီဇာအတွက်ပေးတဲ့ ရက်ချိန်းတွေကို အမေရိကန်က ယာယီဆိုင်ငံ့ထားတဲ့ အစီအစဥ်ကို ထရမ့် အစိုးရအဖွဲ့က လုပ်ဆောင်ခဲ့တာကြောင့် ကမ္ဘာတစ်လွှားက ကျောင်းသားတွေအကြား စိုးရိမ်မှု မြင့်တက်နေပြီး သောင်တင်ရေမကျတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။

ကျောင်းသားတွေနဲ့ ပညာတော်သင်အစီအစဉ်တွေအတွက် ဗီဇာပေးရာမှာ လူမှုကွန်ရက်ကိုလည်း စောင့်ကြည့်မှု တိုးလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်နေချိန်မှာ ဗီဇာအတွက် လူတွေ့ အင်တာဗျူးတာ တွေကို ယာယီဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လစ်ဘရယ် ကျလွန်းတယ်လို့ မြင်နေတဲ့ အမေရိကန် ထိပ်တန်းတက္ကသိုလ်ကြီးတွေထဲက တချို့ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ သမ္မတရဲ့ နှိမ်နင်းမှုတွေထဲက နောက်ဆုံးဖြစ်ထားတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်ကို နိုင်ငံတကာကျောင်းသားတွေ ကျောင်းလျှောက်ထားမှုကို တားမြစ်တာလုပ်ခဲ့ပြီး ကျောင်းအတွင်းမှာ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရေးတယူ မဆောင်ရွက်ခဲ့ဘူးလို့လည်း သမ္မတထရမ့်က စွပ်စွဲခဲ့ပါတယ်။ ဟားဗတ်ဘက်ကတော့ တရားစွဲဆိုပြီး ပြန်လည်တုန့်ပြန်ထားကာ ထရမ့်ရဲ့တားမြစ်မှုကို လတ်တ လောမှာ တရားသူကြီးက ဟန့်တားထားပါတယ်။