အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်လိုက်တဲ့ အခွန်သစ်ကောက်ခံမှုတွေကြောင့် ဧပြီ ၄ ရက်က ကမ္ဘာ့ ဈေးကွက်တွေကို ပြန်လည်လှုပ်ခတ်စေခဲ့တဘ်လို Reuters သတင်းမှာ ရေးသားထားပါတယ်။

ထရမ့်ချမှတ် လိုက်တဲ့ အကောက်ခွန်သစ်နှုန်းထားတွေကြောင့် နိုင်ငံတကာကုန်သွယ်ရေးဈေးကွက်ကို လှုပ်ခတ်စေခဲ့သလို တရုတ်နိုင်ငံမှာလည်း အကြီးအကျယ်အကြပ်ရိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ စတော့နဲ့ ရေနံဈေးတွေ ကျဆင်းသွားတယ်လို တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံတာကို လက်တုံပြန်တဲ့အနေနဲ့ အမေရိကန် သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၈၄ ရာခိုင်နှုန်း ကောက်ခံမယ်လို တရုတ် အာဏာပိုင်တွေက ဧပြီ ၉ရက်မှာ ကြေညာခဲ့ပါတယ်။

တရုတ် ကုန်စည်တွေအပေါ် ၁၀၄ ရာခိုင်နှုန်း အခွန်ကောက်ခံဖို ဒေါ်နယ်ထရမ့်က ဧပြီ ၈ ရက်မှာ ကြေညာအပြီး နောက်ရက်မှာ တရုတ်ကလည်း အမေရိကန် ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံဖို သတင်းထုတ်ပြန် ခဲ့ပြီး အမေရိကန် အစိုးရရဲ့ အတင်းအကျပ် ဖိအားပေးလုပ်ဆောင်မှုတွေကို အဆုံးထိ တန်ပြန် လုပ်ဆောင်သွား မယ်လို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့်လည်း အခွန်နှုန်းထားကောက်ခံမှုတွေနဲ့ပတ်သက်လို တရုတ်ဘက်ကလည်း အမေရိကန်နဲ့ညှိနှိင်းတာ တွေ ဆောင်ရွက်ချင်သလို ထရမ့်ကိုယ်တိုင်ကလည်း တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရရှိဖို မျှော်လင့်ချက်ရှိတယ်လို ပြောကြားထားပါတယ်။