United States Agency for Global Media(USAGM)ကို တခြား အေဂျင်စီတစ်ချို့နဲ့အတူ မလိုအပ်တဲ့ အဖွဲအစည်း အဖြစ်သတ်မှတ် ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်အစိုးရ အိမ်ဖြူတော်က မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာတာကို Reuters သတင်းမှာဖော်ပြထားပါတယ်။ဒါ့ကြောင့် USAGM လက်အောက်မှာ လုပ်ငန်းလည်ပတ်နေတဲ့ ဝါရှင်တန်အခြေစိုက် အမေရိကန်အသံ(VOA)နဲ့ လွတ်လပ်တဲ့အာရှအသံ(RFA) သတင်းဌာနတွေ လုပ်ငန်းလည်ပတ်ဖိုအတွက် အဟန့် တားတွေဖြစ်ပေါ်ခဲ့ပါတယ်။

သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ Global Media(USAGM)အစိုးရအေဂျင်စီနဲ့ တခြားအစိုးရ အေဂျင်စီ ၆ ခု ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင် ထားရမယ် ဆိုတဲ့ ညွှန်ကြားချက် ထွက်ရှိလာတာ ဖြစ်ပါတယ်။အဲဒီ အဓိပ္ပာယ်ဟာ ဌာနတွေကို လုံးဝ ဖျက်သိမ်းတာမျိုး မဟုတ်ပဲ၊ ပြန်လည် စိစစ်ပြီး ရွေးချယ်သူကို ရွေးချယ်၊ လျှော့ချသူကို လျှော့ချတာမျိုးတွေ လာမယ့် ရက်ပိုင်းအတွင်းမှာ လုပ်လာနိုင်ဖွယ် ရှိတယ် ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ဗွီအိုအေ မြန်မာပိုင်းမှာ အချိန်ပြည့် အစိုးရ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတွေဆီ အလုပ်ကနေ ချက်ခြင်း ခွင့်ပေးပြီး၊ ရုံးကို လာရောက်စရာ မလိုတဲ့ ညွှန်ကြားချက် အီးမေးလ်တွေ ရရှိလာကြောင်း သိရပါတယ်။ ရုံးထဲမှာ ရှိနှင့်နေသူတွေထဲက အီးမေးလ်ဝင်လာတဲ့ သူတွေ ရုံးကနေ ထွက်ခွာပေးရမှာဖြစ်ပါတယ်။