အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ လာမယ့် ဩဂုတ်လ ၁၅ ရက်သောကြာ နေ့မှာ အမေရိကန် ပြည်ထောင်စုရှိ အလက်စကာမှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။

သမ္မတ နှစ်ဦးဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အမေရိကန်မြေ ပေါ်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။သမ္မတ ပူတင် အနေနဲ့ ဒီတွေ့ဆုံပွဲကို တက်ရောက်မှာ ဖြစ်ကြောင်း ပူတင် လက်ထောက် ယူရီအူရှာကော့ဗ်(Yuri Ushakov)က အတည်ပြုလိုက်ပါတယ်။ရုရှားနဲ့ အမေရိကန်ဟာ မိတ်ဆွေကောင်းတွေဖြစ်ပါတယ်။ ရုရှားကိုယ်စားလှယ် အဖွဲ့အတွက် ဘဲရင်းရေလက်ကြား (Bering Strait )ကို ဖြတ်ပြီး အလွယ်တကူ ပျံသန်းသွားဖို့နဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ အရေးပါပြီး မျှော်လင့်နေကြတဲ့ ထိပ်သီး အစည်းအဝေးကို အလက်စကာမှာ ကျင်းပဖို့ဆိုတာ ကတော့ အတော်လေးကို ယုတ္တိတန်ပါတယ်လို့ အူရီအူရှာကော့ဗ်က ပြောပါတယ်။

အခုအချိန်အထိတော့ ဒီတွေ့ဆုံ နဲ့ ပတ်သက်ပြီး ယူကရိန်း သမ္မတ ဇယ်လန်စကီးက ဘာမှာ တုန့်ပြန်ပြောကြားတာ မရှိသေးပါဘူး။သမ္မတ ထရမ့်က ယူရိန်းစစ်ပွဲ အပစ်ရပ်စဲရေး အတွက် ရုရှားသမ္မတပူတင် ကို နောက်ဆုံး ရက်အဖြစ် ပြီးခဲ့တဲ့ သောကြာနေ့က သတ်မှတ်ထားရာ သမ္မတပူတင် ဘက်က ဘာမှ မတုန့်ပြန်ခဲ့တဲ့နောက် အခုလို တွေ့ဆုံဖို့ စီစဥ်ခဲ့တာလည်း ဖြစ်ပါတယ်။အမေရိကန်အစိုးရက ရုရှားကို နယ်မြေတွေ လွှဲပြောင်းပေးမယ့် အစီအစဉ် တစ်ခုကို လည်း အဆိုပြုထားကြောင်း CBS News က ဖော်ပြခဲ့ပါတယ်။ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယား နယ်မြေကို ၂၀၁၄ က သိမ်းပိုက်ခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီလမှာတော့ ယူကရိန်း တစ်ခုလုံးကို ဝက်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။