လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်သွားတာကြောင့် ထရမ့်ရဲ့စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုတွေကို ချက်ခြင်းပိတ်ဖို့ အမိန့်ပေးပြီးနောက် တစ်ရက်အကြာ မေလ ၂၉ ရက်မှာ အမေရိကန် ပြည်ထောင်စု ဖက်ဒရယ်အယူခံတရားရုံးတစ်ခုက ယာယီပြန်လည်ရုပ်သိမ်းခဲ့ကြောင်း CNN သတင်းမှာဖော်ပြ ထားပါတယ်။ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်တရားရုံးက သမ္မတထရမ့်ရဲ့ စည်းကြပ်ခွန်တိုးမြှင့် ကောက်ခံမှုတွေ ကို မေလ ၂၈ ရက်က တားမြစ်ပိတ်ပင်ခဲ့တာပါ။

နိုင်ငံရဲ့ ကုန်သွယ်ဖက်တွေအပေါ် သွင်းကုန်ခွန်တွေ ကောက်ခံဖို့ ထရမ့်အမိန့်တွေဟာ လုပ်ပိုင်ခွင့် အခွင့်အာဏာကို ကျော်လွန်သွားတာကြောင့် အခုလို စည်းကြပ်ခွန်တွေကို တားမြစ် ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်တရားရုံးက သတင်းထုတ်ပြန်ထားပါတယ်။ထရမ့်အခွန်တိုးမြှင့်ကောက်ခံမှုတွေကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကို ပိုမို ပြင်းထန်လာ စေပြီး ဘဏ္ဍာရေး အကျပ်အတည်းတွေ ဖြစ်ပေါ်လာစေမယ့်အပြင် အမေရိကန်ရဲ့စီးပွားရေးကို ဆုတ်ယုတ်စေမယ့် အလားအလာတွေ ဖြစ်ပေါ်လာမှာကိုလည်း လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။