အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်တဲ့ အကြီးမားဆုံး ဆန္ဒထုတ်ဖော်မှုတွေကို ဇွန်လ ၁၄ ရက်က နိုင်ငံတဝှမ်းမှာ ပြုလုပ်ခဲ့ပါတယ်။

ထရမ့်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့နဲ့ အမေရိကန်စစ်တပ်ရဲ့ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထရမ့်က ဝါရှင်တန်ဒီစီမှာ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး စစ်ရေးပြချီတက်ပွဲ ပြုလုပ်နေစဉ် နိုင်ငံတဝှမ်းမှာ ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ဒီလှုပ်ရှားမှုဟာ သမ္မတထရမ့် အိမ်ဖြူတော်ကို တကျော့ပြန်ရောက်လာပြီးနောက် ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုကို အကြီးမားဆုံး ကြုံတွေ့ရတာ ဖြစ်ပါတယ်။အမေရိကန်မှာ ဘုရင်မရှိဆိုတဲ့ ဆောင်ပုဒ်နဲ့ နိုင်ငံတဝှမ်း ထရမ့်ဆန့်ကျင်တဲ့ ကြီးမားတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်နယ် ၅၀ လုံးက မြိုပေါင်း ၁၀၀ ကျော်မှာ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ခဲ့တယ်လို သိရပါတယ်။

နယူးယောက်မြိုမှာ အနည်းဆုံး လူ ၅ သောင်းလောက် ဆန္ဒထုတ်ဖော်တွေမှာ ပါဝင်ချီတက်ခဲ့ပြီး လော့စ်အိန်ဂျလိစ်မှာလည်း လူ ၂ သောင်းလောက် လမ်းပေါ်ထွက်လာခဲ့တယ်လို အာဏာပိုင်တွေက ပြောပါတယ်။ဒါပေမယ့် ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့အဖွဲတွေကတော့ နယူးယောက်မှာ လူ ၂ သိန်းလောက် ပါဝင်ခဲ့ပြီး လူ ၁ သိန်းခွဲကနေ ၂ သိန်းကြားလောက် ပါဝင်ခဲ့တယ်လို ပြောပါတယ်။ချီကာဂို၊ ဆန်စဖန်စစ္စကို၊ ဖီလာဒဲဖီးယားနဲ့ တခြားမြိုကြီးတွေမှာလည်း ထောင်နဲ့ချီတဲ့လူတွေ လမ်းပေါ်ထွက်လာကြပါတယ်။လော့စ်အိန်ဂျလိစ်၊ ပေါ့တ်လန်းနဲ့ ဆီယက်တဲတိုမှာ ဆန္ဒထုတ်ဖော်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲတွေအကြား ထိတွေ့မှုအချို ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲတွေက ဆန္ဒပြသူတွေကို ဖြိုခွင်းဖို မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်တွေ သုံးခဲ့သလို တချိုနေရာတွေမှာ ဆန္ဒထုတ်ဖော်သူအချို ဖမ်းဆီးခံခဲ့ရတယ်လို သိရပါတယ်။