တောင်အာဖရိကက အာဖရိကန်လူဖြူလူမျိုးအနည်းစုကို နောက်အပတ်ကစပြီး အမေရိကမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးမယ်လို့ ထရမ့်အစိုးရအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုကြေညာချက် ထုတ်ပြန် ပြီးနောက် သမ္မတထရမ့်က ဒုက္ခသည်အဖြစ် သတ်မှတ်ထားတဲ့ တောင်အာဖရိက လူဖြူ ၅၉ ယောက် အမေရိကန် ပြည်ထောင်စုကို မေလ ၁၂ ရက်က ရောက်ရှိလာပြီဖြစ်ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ တောင်အာဖရိက လူဖြူ ၅၉ ယောက်က ဝါရှင်တန်ဒီစီ ရှိ ဒူးလ်လေဆိပ်အနီးကို ရောက်ရှိလာတာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုဆိုခဲ့ကြပါတယ်။ဖေဖော်ဝါရီလမှာ ထရမ့်အစိုးရအဖွဲ့ရဲ့ နေရာရွှေ့ပြောင်းရေးအစီအစဉ် ထုတ်ပြန်ကြေညာပြီးနောက်မှာ တောင် အာဖရိကက ခိုလှုံခွင့်လျှောက်ထားသူတွေရဲ့လျှောက်လွှာတွေကို အမေရိကန်က အမြန်ရှာဖွေနေတယ်လို့ သိရပြီး ဒါဟာ သူတို့မျိုးနွယ်စုနဲ့အုပ်ချုပ်သူကြောင့် ညှဉ်းပန်းနှိပ်စက်တာ ခံနေရတဲ့ အာဖရိကန်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရွှေ့ပြောင်းပေးဖို့အတွက် အစပြုတာ ဖြစ်ပါတယ်။အမေရိကန်ကို ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ခိုလှုံချင်တဲ့ အာဖရိကန်လူမျိုးတွေ ထောင်သောင်းချီပြီး ရှိနေတယ်လို့ အမေရိကန်အခြေစိုက် တောင်အာဖရိက စီးပွားရေးအဖွဲ့တစ်ဖွဲ့က သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။