တောင်အာဖရိကက အာဖရိကန်လူဖြူလူမျိုးအနည်းစုကို နောက်အပတ်ကစပြီး အမေရိကမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးမယ်လို့ ထရမ့်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလမှာ ထရမ့်အစိုးရအဖွဲ့ရဲ့ နေရာရွှေ့ပြောင်းရေးအစီအစဉ် ထုတ်ပြန်ကြေညာပြီးနောက်မှာ တောင်အာဖရိကက ခိုလှုံခွင့်လျှောက်ထားသူတွေရဲ့လျှောက်လွှာတွေကို အမေရိကန်က အမြန်ရှာဖွေနေကြောင်း သိရပြီး ဒါဟာ သူတို့မျိုးနွယ်စုနဲ့အုပ်ချုပ်သူကြောင့် ညှဉ်းပန်းနှိပ်စက်တာ ခံနေရတဲ့ အာဖရိကန်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရွှေ့ပြောင်းပေးဖို့အတွက် အစပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်အခြေစိုက် တောင်အာဖရိက စီးပွားရေးအဖွဲ့တစ်ဖွဲ့က သတင်းမီဒီယာတွေကို ပြောကြားရာမှာ အမေရိကန်ကို ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ခိုလှုံချင်တဲ့ အာဖရိကန်လူမျိုးတွေ ထောင်သောင်းချီပြီးရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။AP သတင်းဌာနက ရရှိထားတဲ့ အမေရိကန်အစိုးရအဖွဲ့ရဲ့တရားဝင်အစီရင်ခံစာတွေအရ အာဖရိကန်မိသားစု ၄ စု လောက်ကနေ အယောက် ၂၀ ကျော်လောက် ပထမအသုတ်အဖြစ် ဝါရှင်တန်နဲ့ ၂၆ မိုင်အကွာက ဒဲလက်စ် လေဆိပ်ကို မေလ ၁၂ ရက်မှာ စတင်ရောက်ရှိလာမယ်လို့ သိရပါတယ်။