မဟာဗျူဟာကျတဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုမှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေအပေါ် တားမြစ်ချက်အသစ်တွေ ထုတ်ပြန်ဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ကာကွယ်ရင်း နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့အတွက် အစီစဉ်တစ်ရပ်ဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ နည်းပညာ၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကုန်ကြမ်း ဒါမှမဟုတ် အခြားမဟာဗျူဟာကဏ္ဍတွေနဲ့ တရုတ်ဆက်နွှယ်မှုတွေကို တားဆီးပိတ်ဆို့ နိုင်ရေးအတွက် လိုအပ်တဲ့ တရားဝင် စာရွက်စာတမ်းအားလုံးကို အသုံးပြုသွားမှာဖြစ်တယ်လို့ ထရမ့်က ပြောကြားလာတာ ဖြစ်ပါတယ်။