အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တိုက်ရိုက်ဆက်သွယ်ဆွေးနွေးဖို့ ရည်ရွယ်နေတယ်လို့ Politico သတင်းမှာ ရေးသားထားပါတယ်။ အမေရိကန်က နိုင်ငံပေါင်း ၉၀ ကျော်ကို တရားမျှတမှုမရှိတဲ့ သွင်းကုန်စည်းကြပ်ခွန်တွေ မြှင့်တင်ပြီးတဲ့နောက်မှာ တရုတ်နဲ့ အမေရိကန်တို့ အခုလို စည်းကြပ်ခွန်တွေ အပြန်အလှန် မြှင့်တင်လာကြတာ ဖြစ်ပါတယ်။

သမ္မတထရမ့်က နိုင်ငံပေါင်း ၉၀ ကျော်အတွက် အခွန်စည်းကြပ်မှုတွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့လိုက်ပေမယ့် အဲဒီ ထဲမှာ တရုတ်နိုင်ငံတော့ မပါဝင်ပါဘူး။ အခုဆိုရင် အမေရိကန်က တရုတ်အပေါ် အခွန်စည်းကြပ်မှု ၁၄၅ ရာခိုင် နှုန်းနဲ့ တရုတ်က အမေရိကန်အပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း အပြန်အလှန်ကောက်ခံနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သမ္မတထရမ့်က အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်ကိုယ်စားလှယ်တွေကိုမှ တရုတ်နဲ့ညှိနှိုင်းဆွေးနွေးဖို့ ခွင့် မပြုဘဲ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့သာ တိုက်ရိုက် ဆက်သွယ်ပြောဆိုချင်နေတာ ဖြစ်ပါတယ်။” တရုတ်က ညှိနှိုင်းဆွေးနွေးချင်စိတ် ရှိနေပါတယ်။ ဘယ်အတိုင်းအတာအထိ သွားရမယ်ဆိုတာပဲ သူတို့ မသိသေး တာပါ။ သူတို့က မာနကြီးတဲ့လူမျိုးတွေပါလို့” သမ္မတထရမ့်က မှတ်ချက်ပြု ပြောကြားထားပါတယ်။