တရုတ်နဲ့ စစ်ဖြစ်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်းအမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်တာကို မတ်လ ၅ ရက်နေ့က New York Post သတင်းမှာ ရေးသားထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ် ခွန်အသစ်တွေ ချမှတ်ပြီးနောက် တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နဲ့ စစ်ဖြစ်ဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောကြားလာတာဖြစ်ပါတယ်။

“ ငြိမ်းချမ်းရေးကို လိုလားသူတွေဟာ စစ်ပွဲအတွက် ပြင်ဆင်ရမယ်”လို့ အမေရိကန်စစ်တပ်ရဲ့ ခေတ်မီရေး ကြိုးပမ်းမှုတွေကို မီးမောင်းထိုးပြကာ အမေရိကန် ကန်ကာကွယ်ရေးဝန်ကြီးက မှတ်ချက်ပြုပြောကြားခဲ့တာပါ။ အမေရိကန်ရဲ့ တိုးမြှင့်လာတဲ့ ကုန်သွယ်မှုအခွန်တွေကို ပြန်လည်လက်တုံ့ပြန်ပြီးနောက် အမေရိကန်နဲ့ ဘယ်လို စစ်ပွဲမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ တရုတ်နိုင်ငံဘက်ကလည်း သတိပေးပြောကြားထားပါတယ်။

သမ္မတထရမ့်ဟာ တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံပြီးနောက် ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်ခဲ့ပြီး တရုတ်ဘက်ကလည်း အမေရိကန်ရဲ့ လယ်ယာဆိုင်ရာ ထုတ်ကုန် တွေအပေါ် ၁၀ ရာခှိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။