အမေရိကန်ပြည်ထောင်စုမှာ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို ဖမ်းဆီးမှု အရှိန်မြှင့်သွားမှာ ဖြစ်သလို နယ်စပ်ကနေ တရားမဝင် ဖြတ်ကျော်လာသူတွေကိုလည်း ချမှတ်ထားတဲ့စည်းမျဉ်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း Dawn သတင်းမှာ ထုတ်ပြန်ထားပါတယ်။

သမ္မတဟောင်းဘိုင်ဒင် လက်ထက်က ပြည်နှင်ဒဏ်ပေးတာတွေကို လျှော့ပေါ့ဆောင်ရွက်ခဲ့ပေမယ့် ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်တာဝန်ယူချိန်ကစပြီး တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို ပြည်နှင်ဒဏ်ပေးတာတွေ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ထရမ့်တာဝန်ထမ်းဆောင်နေတဲ့ ပထမသုံးလတာကာလအတွင်း ပြည်နှင်ဒဏ်ပေးတဲ့အရေအတွက် ၁၉၅၀၀၀ နီးပါး ဆောင်ရွက်ခဲ့ပြီး ဒါဟာ သမ္မတဂျိုးဘိုင်ဒင်လက်ထပ်နဲ့နှိုင်းယှဉ်ရင် တရားမျှတမှု မရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားဖို့အတွက် တက္ကဆက်စစ်အခြေစိုက်စခန်း Fort Bliss မှာ ထားရှိမှာ ဖြစ်တဲ့အပြင် ထရမ့်အစိုးရက ကျူးဘားနိုင်ငံ၊ Guantanamo ပင်လယ်အော်ရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်း ကိုလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားဖို့အတွက် အသုံးပြုနေပြီ ဖြစ်ပါတယ်။