ပရိသတ်သန်းချီရှိတဲ့ ကမ္ဘာကျော် တစ်တော့ခ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ ကာဘီလိမ်းဟာ ဗီဇာသက်တမ်း ကျော်လွန်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လပ်စ်ဗီးဂတ်စ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ထိန်းသိမ်းတာ ခံခဲ့ရပြီး အမေရိကန်ပြည်ထောင်စုကနေ ထွက်ခွာသွားခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ဆီနီဂေါနွယ်ဖွား အီတလီနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ကာဘီလိမ်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်က ဟယ်ရိဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး ပြည်နှင်ဒဏ်မပေးဘဲ နိုင်ငံထဲကနေ ထွက်ခွာခွင့်ပြုခဲ့ တယ်လို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ထုတ်ပြန် ချက်တစ်ခုမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

ကာဘီလိမ်းဟာ ဧပြီ ၃၀ ရက်က အမေရိကန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ရဲ့ဗီဇာသက်တမ်း ကျော်လွန်တဲ့ အထိ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာဘီလိမ်းကို ခွင့်ပြုပေးခဲ့တဲ့ ဆန္ဒအလျောက်ထွက်ခွာမှုဟာ ဆယ်စုနှစ်တစ်ခု အထိ အမေရိကန်ကို ပြန်လာခွင့် မရှိအောင် တားဆီးထားမယ့် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းက ပြည်နှင်ဒဏ် ပေးခံရမှုကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။