အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၁၃၀ ကျော်အထိ ရှိလာ တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားလာတာကို The New York Times သတင်းမှာ ပါရှိပါ တယ်။

တက္ကဆက်ပြည်နယ်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုအခြေအနေတွေက ဆက်လက်ခြိမ်းခြောက်နေသေးတာကြောင့် သေဆုံးသူဦးရေ ဆက်တိုးနေတာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောကြားခဲ့ပါတယ်။လူပေါင်း ၁၃၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ကပ်ဘေးကြောင့် အမေရိကန်သမ္မတဟာ နှစ်သိမ့်စရာ စကားလုံး မရှိရ လောက်အောင် ဝမ်းနည်းကြောင်း ပြောဆိုထားသလို ကယ်ဆယ်ရေးအတွက် အစီအစဉ်တွေကို ကျောခိုင်းထားတဲ့ ကယ်ဆယ်ရေးတာဝန်ခံ ပြည်ထောင်စုအေဂျင်စီကို(Fema)ကိုလည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြင်ဆင်နေ တယ်လို့ ထရမ့်က ပြောပါတယ်။

လက်ရှိ တက္ကဆက်ရေကြီးမှုကြောင့် ပျောက်ဆုံးနေတဲ့ လူဦးရေ ၁၇၀ ကျော်ကို ရှာဖွေနေဆဲဖြစ်သလို ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အာဏာပိုင်တွေအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင် စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။တက္ကဆက်ပြည်နယ် ဗဟိုမြို့ပြ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကလည်း အသက်တွေကို ကယ်ဆယ်ဖို့ ဦးစားပေး လုပ်ဆောင်တာတွေ ဆက်လက်လုပ်ဆောင်သွားမှာပါလို့ ထုတ်ပြန်ပြောကြားထားပါတယ်။