အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ကြည့်ရှုဖို့ ဇူလိုင်လ ၁၁ရက်ကအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သွားရောက်ခဲ့တယ်လို့ ဗဟိုအစိုးရအရာရှိတွေကပြောကြားထားပါတယ်။ခရီးလှည့်လည်စဉ်အတွင်း၊ ပြည်နယ်နဲ့ ဗဟိုအစိုးရအရာရှိတွေကို ဒီလို ဆိုးရွားတဲ့ကပ်ဘေးမျိုး တခါမှ မမြင်ဖူးသလို ဒါဟာ မယုံနိုင်လောက်စရာ သဘာဝဘေးအန္တရာယ်ဖြစ်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ရေကြီးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတိတ်တိတ်ဆိတ်ဆိတ်ရှိနေတဲ့သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး တာဝန်ခံ ပြည်ထောင်စု အေဂျင်စီကို (Fema) ဖျက်သိမ်းဖို့ အပြင် ဆောင်ရွက်ရမယ့် ကတိကဝတ်တွေပျက်ကွက်မှုကြောင့် အခုလို ခရီးစဉ် ထွက်ပေါ်လာတာဖြစ်တယ်လို့ ထရမ့်ကပြောပါတယ်။လူပေါင်း ၁၂၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ကပ်ဘေးကြောင့် အမေရိကန် သမ္မတဟာ နှစ်သိမ့်စရာစကားလုံးမရှိရလောက်အောင် ဝမ်းနည်းကြောင်း ပြောဆိုထားသလို ကယ်ဆယ်ရေးအတွက် အစီအစဉ်တွေကို ကျောခိုင်းထားတဲ့ ကယ်ဆယ်ရေး တာဝန်ခံ ပြည်ထောင်စု အေဂျင်စီကို (Fema) ကိုလည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ထရမ့်ကပြောကြားထားပါတယ်။

တက္ကဆက်ရေကြီးမှုကြောင့် ပျောက်ဆုံးနေတဲ့ လူဦးရေ ၁၇၀ ကျော်ကို ရှာဖွေနေဆဲဖြစ်သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အာဏာပိုင်တွေအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင် စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။