အိမ်ဖြူတော်က ထုတ်ပြန်တဲ့ တရားဝင်အချက်အလက်တွေအရ ဆော်ဒီအာရေးဗျနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချဖို့ မေလ ၁၃ ရက်မှာ အမေရိကန်က သဘောတူညီခဲ့ကြောင်း CNA သတင်းမှာ ရေးသားထားပါတယ်။

ဒါဟာ အမေရိကန်က ပြုလုပ်ခဲ့ဖူးသမျှထဲမှာ အကြီးမားဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီ ချက်တစ်ခုလည်း ဖြစ်တယ်လို့ ထရမ့်က ဆောဒီအာရေးဗျ မြို့တော်ရီးယက်ဒ်ကို အလည်အပတ်သွားရောက်စဉ်မှာ ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာ လေကြောင်းနဲ့ဒုံးကျည်ကာကွယ်ရေးစနစ်၊ လေတပ်နဲ့ အာကာသ နည်းပညာအပြင် ရေကြောင်းလုံခြုံရေးနဲ့ဆက်သွယ်ရေးတို့လည်း ပါဝင်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။

အမေရိကန်နိုင်ငံသမိုင်းမှာ အကြီးမားဆုံး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ခြင်းသဘောတူညီချက်က အမေရိ ကန်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံအကြား မဟာမိတ်ဖွဲ့မှုကိုပိုမိုခိုင်မာစေဖို့ တိကျရှင်းလင်းတဲ့ ဖော်ပြချက်တစ်ခု ဖြစ်တယ်လို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံဟာ အမေရိကန်စစ်လက်နက်တွေအတွက် အကြီးမားဆုံး ဖောက်သည်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒေါ်နယ်လ်ထရမ့်က ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းဖို့ ဆော်ဒီအာရေးဗျနိုင်ငံကို ကမ်းလှမ်းခဲ့ဖူးပါတယ်။